သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-02
အမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို အကာ အကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ပြဌာန်း ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-02
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်း သူ ကျောင်းသားတွေဟာ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဒီနေ့ ဆက်လက်လမ်းလျှောက် ဆန္ဒပြကြပါတယ်။
2015-02-02
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေ တဲ့ ကျောင်းသားတွေဟာ အဲ့ဒီဥပဒေမှာ ပြင်ဆင်ဖြည့် စွက်ဖို့ အချက် ၁၁ ချက်တောင်းဆိုထားတာရှိပါ တယ်။ ကျောင်းသားတွေ တောင်းဆိုချက်တွေကို အစိုးရဘက်က လက်တွေ့အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိအပေါ် RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2015-02-02
ဦးတင်အေး ခေါင်းဆောင်တဲ့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒသဘော ထားလက်မှတ်တွေကို ပြည်သူ့လှုပ်ရှားမှုမြှင့် တင်ရေးကွန်ရက်က ရန်ကုန်မြို့မှာ လှည့် လည်ကောက်ခံနေပါတယ်။
2015-02-02
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီလ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ပါတယ်။
2015-02-02
နှေးကွေးနေတဲ့ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို အရှိန်မြှင့် ဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအဆင်ြ့မင့် ပူးတွဲကော်မတီရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲကို ဘန်ကောက် မြို့မှာ ကျင်းပခဲ့ပါတယ်။
2015-02-02
စင်္ကာပူ အစိုးရအဖွဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချောက်ထောင် ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိမှာဖြစ် ပါတယ်။
2015-02-01
ငြိမ်းချမ်းရေးဖော်ဆောင်ရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ဇန်နဝါရီလ ၃ဝ ရက်နေ့က အထူးဒေသ (၄) မိုင်းလားဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကြီးလေးဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-02-01
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ ပြည်သူ့လှုပ် ရှားမှုမြှင့်တင်ရေး ကွန်ရက်က ရန်ကုန်မြို့ မှာ ဒီနေ့ လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့ပါတယ်။
2015-02-01
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အတွက် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ဒီနေ့ ညပိုင်းအထိ ၄ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရာ မှာ ကျောင်းသားကိုယ်စားလှယ်တွေ တောင်း ဆိုထားတဲ့အချက် ၉ ချက်ထဲက ၆ ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။
2015-02-01
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ထန်းခြောက်ပင်ကျေးရွာမှာ ညအိပ်အနားယူကြမယ့် ဆန္ဒပြကျောင်းသားတွေကိုလက်မခံဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ က ကျောင်းထိုင်ဆရာတော်ကို ဖိအားပေးခဲ့ကြောင်း သပိတ်မှောက်ကျောင်းသားတွေ က ပြောပါတယ်။
2015-02-01
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန အရေးအခင်းနဲ့သက်ဆိုင်တဲ့ မှတ်တမ်းဓာတ်ပုံပြပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ စတင်ပြသဖို့စီစဉ်ရာမှာ တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက် မပါလို့ဆိုပြီး ပြသခွင့် ပိတ်ပင်ခံရကြောင်း ပြပွဲစီစဉ်သူတွေ က ပြောပါတယ်။
2015-02-01
အစိုးရနဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ဒီနေ့ ဖေဖေါ် ဝါရီလ ၁ ရက်နေ့မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲပြု လုပ်သွားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက သဘောတူညီခဲ့ကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအသင်းက ဦးသန်းထိုက်အောင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။