လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘောတူညီခဲ့တဲ့ အကြောင်း ဆွေးနွေးချက်
2015.02.01
အစိုးရနဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ဒီနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်သွားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက သဘောတူညီခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအသင်းက ဦးသန်းထိုက်အောင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။