လေးပွင့်ဆိုင်ဆွေးနွေးပွဲအကြောင်း ကိုရဲဇာနည်ထွန်းကို မေးမြန်းချက်
2015.02.02
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီလ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ပါတယ်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။