ထားဝယ် အထူးစီပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်မည်


2015.02.02
dawei-project-305 ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပုံ
Photo: RFA

နှေးကွေးနေတဲ့ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို အရှိန်မြှင့်ဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအဆင်ြ့မင့် ပူးတွဲကော်မတီရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲအပြင် ဂျပန်နိုင်ငံနဲ့ပါ သုံးနိုင် ငံဆွေးနွေးပွဲတစ်ခုလည်း ကျင်းပခဲ့ပါတယ်။ ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံကလည်း ကူညီထောက်ပံ့မယ်လို့ ကမ်းလှမ်း ထားပါတယ်။

၇၅ မိုင် ပတ်လည်ကျယ်ဝန်းတဲ့ ထားဝယ် အထူးစီး ပွားရေးဇုန် စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်တစ်ခု၊ ထားဝယ် စီမံကိန်းနဲ့ ထိုင်းနိုင်ငံကြား နှစ်လမ်းသွားလမ်းမ၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၊ အသေးစားဆိပ်ခံတစ်ခု၊ ရေလှောင်ကန်တစ်ခု ပါဝင်ပြီး၊ ဒီနှစ်စပိုင်းမှာ လုပ်ငန်းတွေ စတင်မယ်လို့သိရပါတယ်။

ဒီအတွင်း ထားဝယ် အထူးစီပွားရေးဇုန် တည်ဆောက်ရေးအတွက် ရေရှည်အသေးစိတ် စီမံကိန်းကို ထိုင်းနိုင်ငံ အခြေစိုက် NEDA ခေါ် အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း အေဂျင်စီရဲ့ အကူအညီနဲ့ ပံ့ပိုးသွားမယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။