သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-04
ကျောက်ဖြူမြို့မှာ ရွာတွေဘက်ကနေ မြို့ပေါ် ဟင်းသီးဟင်းရွက်လာရောင်းတဲ့ စျေးသည်တွေကို စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ဖမ်းဆီးသွားပါတယ်။
2023-12-04
၁၀၂၇ စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံးရတဲ့ အရပ်သား ၁၅၀ နီးပါးအထိ ရှိလာပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2023-12-04
စစ်ကောင်စီတပ်ကနေ ခွင့်မဲ့ပျက်ကွက်သူ ဒါမှမဟုတ် ထွက်ပြေးသွားတဲ့ စစ်ပြေးတွေအနေနဲ့ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာရင် လက်ခံသွားမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။
2023-12-04
တပ်မတော်က ဦးဆောင်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ လက်တွေ့မဆန်ဘဲ လုံးဝလွဲမှားနေပါတယ်။
2023-12-04
ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာကို ဝင်တိုက်ချိန် စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါ ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2023-12-04
ရခိုင်မှာ ကုန်းလမ်း၊ ရေလမ်းတွေအားလုံး ဖြတ်တောက်ခံရမှုကြောင့် စားသုံးကုန်အချို့ပြတ်လပ်လာချိန် အလှူရှင်တွေက စားဆီလာလှူဒါန်းမယ်ဆိုတဲ့ သတင်းကြောင့် အခုလို စုပြုံပြီး စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။
2023-12-04
ရေဖြူမြို့နယ်၊ ဇီးကျရွာမှာ တည်ဆောက်နေတဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်အသစ်အတွက် ဆောက်လက်စ လုပ်ငန်းခွင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-04
သိန္နီမြို့နယ်က ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းထဲကို ရှော့တိုက်ဒုံးတစ်လုံး ကျရောက်တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2023-12-04
မြောက်ဦးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေ အသုံးပြုနေတဲ့ မော်တော်ယာဉ်ကိုးစီးကို ရက္ခိုင့်တပ်တော် (AA) ယူသွားပါတယ်။
2023-12-04
မြန်မာ့အရေး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ရပ်ဆိုင်းဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2023-12-04
စစ်ကောင်စီက တင်းကျပ်လိုက်တဲ့နောက်မှာတော့ မြို့ထဲမှာ လူမှုကူညီရေး အသင်းတွေ မရှိတော့ပါဘူး။ ဒါကြောင့် ဒေသခံတွေ အကူအညီ လိုနေတယ်လို့ ပြောကြပါတယ်။
2023-12-04
တမူးမြို့နယ်၊ ထန်းတပင်ရွာကို ဒီဇင်ဘာ ၃ ရက်ကနေ ၄ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ မီးရှို့နေပြီး ဒီနေ့မနက်မှာလည်း ရွာထဲပြန်ဝင်လာတဲ့ ဒေသခံ လေးဦးကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
2023-12-04
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီးထောင်ချခဲ့တဲ့ အဂတိအမှုအတွက် အထူးအယူခံကို နှစ်ဖက်ကြားနာခဲ့ပါတယ်။
2023-12-03
ဖာပွန်ခရိုင်မှာ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ခဲ့ပါတယ်။
2023-12-03
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။