သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-03
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ဖြစ် ပါတယ်။
2016-09-03
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁၄ ဦးက အစားအစာတွေကို နိုင်ငံတကာတင် ပို့ရောင်းချတဲ့ နာမည်ကြီး ထိုင်းကုမ္ပဏီ တစ်ခုထံကနေ နစ်နာကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁ သန်း ၃ သိန်း ကျော်နဲ့ ညီမျှတဲ့ ထိုင်း ဘတ်ငွေ ၄၆ သန်း ရရှိလိုကြောင်း စက်တင်္ဘာလ ၂ ရက်နေ့ မနေ့က တရားစွဲ လိုက်ပါတယ်။
2016-09-02
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ လာမယ့် သီတင်းပတ်ထဲမှာ ရခိုင်ပြည်နယ်ကို နှစ် ရက်ကြာခရီး ရောက်ရှိမှာဖြစ်ပါတယ်။
2016-09-02
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင် ရွက် နေတဲ့ NGO တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး ထိုင်းအစိုးရအနေနဲ့ အလုပ်သမားဥပဒေ ကို ပြင်ဆင်ဖို့ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။
2016-09-02
စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ခံနေရတဲ့ နိုင်ငံခြားသားအလုပ်သမား ၅ဝ ကျော်ထဲမှာ မြန်မာနိုင်ငံသား အလုပ်သမားတဦးလည်း ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံကို ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိခင်လောင်းတွေ မလာရောက်ဖို့ စင်္ကာနိုင်ငံ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-09-02
နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းစာဆရာတွေ စာရေးဆရာတွေကို ခေတ်အဆက်ဆက် အလွယ် တကူ ဖမ်းဆီးထောင်ချခဲ့တဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅- ည ဖျက်သိမ်းရေးအဆိုကို လွှတ်တော်က အတည်ပြုခဲ့တာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်ပြီးတင်ပြပါ လိမ့်မယ်။
2016-09-02
၂၁ပင်လုံညီလာခံမှာ ဝကိုယ်စားလှယ် အဖွဲ့က ညီလာခံကတ်ပြားကိစ္စနဲ့ ပတ်သက်ပြီး ဆက်မတက်တော့ ဘဲ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ငြိမ်းချမ်းရေးကော် မရှင်က ဝအထူးဒေသ ၂ ဥက္ကဌ ဦးပေါက်ယူချမ်းထံ မေတ္တာ ရပ်ခံစာပေးပို့လိုက်ပါတယ်။
2016-09-02
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်ဟာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့ ကို ရောက်ရှိမှာဖြစ်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2016-09-02
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတားဆီးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် အသိပညာပေး လုပ်ငန်းတွေကို ရွှေလျားမော်တော်ယာဉ် စာကြည့်တိုက်နဲ့ အခုရက်ပိုင်းမှာ လှည့်လည်ပြုလုပ်နေပါတယ်။
2016-09-02
စင်္ကာပူနိုင်ငံကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိခင်လောင်းတွေအနေနဲ့ ခရီးစဉ် ကို ခေတ္တရပ်ဆိုင်းထားဖို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-02
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးတဲ့ ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို လွှတ်ပေး ဖို့ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား စတဲ့မြို့နယ်တွေက ဒေသခံ ၁၀၀၀ လောက်ဟာ တရား ရုံးရှေ့မှာ လာရောက်တောင်းဆိုကြပါတယ်။
2016-09-02
ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေ ကို ပြင်ဆင်ရေးဆွဲပြီး ရွှေ့ပြောင်း အလုပ်သမားကိစ္စတွေကို ဖြေလျှော့ပေး သွားဖို့ရှိကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ NGO တွေနဲ့ မနေ့က တွေ့ ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ပါတယ်။
2016-09-02
ရေဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ ခုအတွက် ငွေကျပ် သန်းပေါင်း ၈၀၀ နီးပါး ထောက်ပံ့ပေး ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန က ပြောပါတယ်။
2016-09-02
၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်ပြောင်းလဲဖို့ မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာ က ဆွေးနွေးပါတယ်။
2016-09-01
ကချင် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးလို့ မရအောင် ပြုလုပ်ခဲ့တာကြောင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်လိုက်ပါတယ်။