ရွှေ့ပြောင်းအလုပ်သမား ဥပဒေပြင်ဆင်ဖို့ ထိုင်းပြင်ဆင်နေ
2016.09.02
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက် နေတဲ့ NGO တွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းအစိုးရအနေနဲ့ အလုပ်သမားဥပဒေကို ပြင်ဆင်ဖို့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။