ကိုယ်ဝန်ဆောင်မိခင်တွေ စင်္ကာပူကို မလာဖို့ သံရုံးကြေညာချက်ထုတ်


2016.09.02

စင်္ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ခံနေရတဲ့ နိုင်ငံခြားသားအလုပ်သမား ၅ဝ ကျော်ထဲမှာ မြန်မာနိုင်ငံသား အလုပ်သမားတဦးလည်း ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံကို ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိခင်လောင်းတွေ မလာရောက်ဖို့ စင်္ကာနိုင်ငံ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဒေါ်ထွေးထိပ်တင်လွင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။