ငြိမ်းချမ်းရေးကော်မရှင်က ဝ ဥက္ကဌထံ မေတ္တာရပ်ခံစာပို့


2016.09.02
apology-wa-620.jpg ငြိမ်းချမ်းရေးကော်မရှင်က ဝ အထူးဒေသ(၂) ဥက္ကဌ ဦးပေါက်ယူချန်းကို ပေးပို့တဲ့ မေတ္တာရပ်ခံစာကို တွေ့ရစဉ်
.

၂၁ပင်လုံညီလာခံမှာ ဝကိုယ်စားလှယ်အဖွဲ့က ညီလာခံကတ်ပြားကိစ္စနဲ့ ပတ်သက်ပြီး ဆက်မတက်တော့ ဘဲ ပြန်လည်ထွက်ခွာသွားတဲ့အတွက် ငြိမ်းချမ်းရေးကော်မရှင်က ဝအထူးဒေသ ၂ ဥက္ကဌ ဦးပေါက်ယူချမ်း ထံ  မေတ္တာရပ်ခံစာပေးပို့လိုက်ပါတယ်။

အဲဒီလို စာပေးပို့ခဲ့ကြောင်းနဲ့ ဝအဖွဲ့ဘက်က ဘာမှအကြောင်းပြန်တာ မရှိသေးကြောင်း ဒီနေ့ နေပြည်တော် ငြိမ်းချမ်းရေးညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောပါတယ်။

အဲဒီမေတ္တာရပ်ခံစာထဲမှာ ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းချက်တချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရတာတွေကို နားလည်ပေးဖို့ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စား မေတ္တာရပ်ခံထားပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကို လေ့လာသူ ကတ်ပြားတွေသာ ထုတ်ပေးတဲ့အတွက် အဆင်မပြေဖြစ်တာကြောင့် မနေ့က ပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။