သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-02
ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်ပေးဖို့ အပါအဝင် အချက်သုံးချက်ကို ပြည်နယ် အစိုးရထံ စာပေးပို့တောင်းဆိုမယ်လို့ စစ်တွေမြို့ ဘုရားကြီးသိမ်တော်ရင်ပြင်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ စစ်တွေဒေသခံ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2017-07-02
ထိုင်းအစိုးရရဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် မြဝတီနဲ့ ကော့သောင်းမြို့တွေမှာရှိတဲ့ နယ်စပ်ဂိတ်တွေ ကနေတဆင့် မြန်မာပြည်ကိုပြန်လာကြ တဲ့ မြန်မာအလုပ်သမား တစ်သောင်းခွဲကျော် ရှိပြီဖြစ်ပြီး ဒီနေ့တစ်နေ့တည်းမှာ လူဦးရေ ၃ ထောင်ကျော် ရောက်ရှိ လာတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေသူတွေ က ပြောပါတယ်။
2017-07-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မ ရဲစခန်းကို ဒီနေ့မနက် လေးနာရီခွဲခန့်က လက်လုပ်မိုင်းနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အတွက် ကားတစ်စီး ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
2017-07-02
သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖဲ့ွချုပ် NLD ပါတီတာဝန်ရှိသူတွေ ပြောဆိုဖြေကြားမှုတွေကို မှန်မှန်ကန်ကန်ရေးသားကြဖို့ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
2017-07-02
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်မှာ လက်ပံတောင်းတောင်စီမံကိန်း နဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့တဲ့ ဒေသခံတွေထဲက ၄ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ဆားလင်းကြီးမြို့မ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2017-07-02
ဇူလိုင်လ ၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့်နဲ့ သတင်းရယူပိုင်ခွင့် " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုသာလွန်ဇောင်းထက် (မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ)နဲ့ ကိုငြိမ်းချမ်းနိုင် (နိုင်ငံခြား သတင်းထောက်) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တယ်လီဖုန်း ကနေတဆင့် ဆွေးနွေးမယ့်သူကတော့ ကိုကျော်စွာနိုင် (ဗြိတိသျှကိုကိုမောင်) ဖြစ်ပါတယ်။
2017-07-02
ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီ ကိုးသုံးလုံး ဂိတ်ကတဆင့် မြန်မာပြည်ကို ပြန်လာတဲ့ အလုပ် သမား တစ်သောင်းကျော်ရှိနေပြီလို့ နေ ရပ်ပြန်လာတဲ့ အလုပ်သမားတွေကို မြဝတီမြို့မှာ အကူအညီပေးနေသူတွေက ပြောပါတယ်။
2017-07-01
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်း ဖက်မှုတွေကို ပြည်ပကနေ ငွေကြေးနဲ့ လက်နက် အထောက်အပံ့ရယူနေတဲ့ အကြမ်းဖက်သမားတွေက ဆောင်ရွက်တာဖြစ်တယ် လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က သတင်းထုတ်ပြန်ပါတယ်။
2017-07-01
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမှာဖြစ်သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2017-07-01
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ် သမားတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကြောင့် မဲဆောက်မြို့ ကိုးသုံးလုံးဂိတ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၁ သောင်းကျော်ရှိသွားပြီလို့ အလုပ် သမားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2017-07-01
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၇ ရက်နေ့အထိ ခြောက်လအတွင်း တစ်နိုင်ငံ လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ခြောက်ထောင့်ငါးရာကျော်ရှိပြီး သေဆုံးသူ ၃၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
2017-07-01
ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်မှာ သတင်းသမား ၃ ဦး ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး သတင်းသမားတွေရဲ့ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလဖြစ်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
2017-07-01
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ဖမ်းဆီးမှုတွေရှိနေတာကြောင့် အထောက်အထားမခိုင်လုံတဲ့ အလုပ်သမားတွေဟာ တနသာၤရီတိုင်းဒေသကြီး မောတောင်နယ်စပ်ဂိတ် ကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာနေပါတယ်။
2017-07-01
ထိုင်းနိုင်ငံအစိုးရက တရားမဝင်နိုင်ငံခြားသားတွေအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေသစ်ကို ခေတ္တရပ်ဆိုင်းတယ်လို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2017-07-01
သတင်းသမားတွေ ဖမ်းဆီးထောင်ချခံနေရတာကို ကန့်ကွက်ပြီး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။