သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-02
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ပစ်လိုက်လို့ အမျိုးသား တစ်ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ မိုးဗြဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-06-02
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ လူငယ်မျိုးဆက်တွေနဲ့ တရားစွဲပြီး ဝရမ်းထုတ်ခံထားရသူတွေကို လိုက်လံဖမ်းဆီးရာမှာ နည်းပညာပိုင်း ဆိုင်ရာ အကူအညီတွေနဲ့ စုံစမ်းထောက်လှမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် နည်းပညာကျွမ်းကျင်သူ တွေကတော့ မိုးဘိုင်းဖုန်း ပြောဆိုမှုတွေနဲ့ ဖမ်းဆီးရမိတဲ့သူတွေရဲ့ဖုန်းတွေကနေတဆင့် လိုက်လံဖမ်းဆီးတာကပဲ အဓိကဖြစ်နေတယ်လို့ ပြောကြပါတယ်။
2021-06-02
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ နှစ်ဦး ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် အကြောင်း Reuters နဲ့ South China Morning Post သတင်းတွေမှာ ဇွန်လ ၂ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။
2021-06-02
ချင်းလူမျိုးတွေဟာ လက်ရှိ စစ်ကောင်စီ အာဏာသိမ်းတာကို ငြိမ်းချမ်းတဲ့နည်းနဲ့ သပိတ်မှောက်ဆန္ဒပြလို့ မရခဲ့တာမို့ မိရိုးဖလာ အမဲလိုက် တူမီးသေနတ်တွေ စွဲကိုင်ပြီး ဆန့်ကျင် တော်လှန်တိုက်ခိုက်နေကြပါတယ်။
2021-06-02
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးတိုက်နယ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ နောက်ထပ် တစ်ဦး သေဆုံးခဲ့ပြီး ဒီနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ကျီခါးမြို့ကို Lockdown ချပြီး အသွားအလာ ကန့်သတ်လိုက်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2021-06-02
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်သွားရာလမ်း မကြားရွာ၊ ခဲလုံသာရွာနဲ့ စုန်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ မေလ ၂၈ ရက်နေ့ကနေ မေ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကန်ပက်လက်မြို့ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
2021-06-02
ရခိုင်ပြည်နယ်မှာ အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး မနေ့ကအထိ ကျောင်းတက်သူ ကျောင်း သား ၃၅၈၉၃၁ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်း က RFA ကို ပြောပါတယ်။
2021-06-01
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့အပေါ် တရုတ်အစိုးရက ကျေနပ်အားရနေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။
2021-06-01
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီ၊ မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မေလ ၃၁ ရက်နေ့က မြန်မာဘက်ခြမ်းက အကန့်အသတ်မရှိ ပိတ်လိုက်လို့ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ လောက် သောင်တင်နေတယ်လို့ မြန်မာ့အရေးကူညီနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
2021-06-01
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးချုပ်တို့ မြန်မာနိုင်ငံကို ဒီတပတ်အတွင်း ရောက်လာဖို့ အစီအစဉ်ရှိတယ်လို့ Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-06-01
မနေ့က တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ယောက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၁ ရက် ည ၈နာရီကနေ ဇွန်လ ၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှု နှစ်ထောင်ကျော်လုပ်ခဲ့ပြီး ကိုဗစ်အတည်ပြု လူနာသစ်တွေ တရာကျော်ကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
2021-06-01
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ- ဒီဗွီဘီ သတင်းဌာနက သတင်းထောက်သုံးဦးနဲ့ နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦးကို မေလ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဆိုင်းငံ့ထောင်ဒဏ် ခုနှစ်လနဲ့ ဘတ်ငွေ လေးထောင်စီ အသီးသီးချမှတ်လိုက်တယ်လို့ ဇွန်လ ၁ ရက်နေ့က ထိုင်းအခြေစိုက် Prachatai သတင်းမှာ ဖော်ပြထားပါတယ်။
2021-06-01
နိုင်ငံတကာရှေ့မှောက်မှာ လက်မှတ်ထိုးပြီး အမြင့်ဆုံးဥပဒေပြုလွှတ်တော်က အသိအမှတ်ပြုထားတဲ့အတွက် NCA အပစ်ရပ်စာချုပ် မပျက်ပြယ်ပေမဲ့၊ အာဏာ သိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်မှာမဟုတ်ဘူးလို့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောလိုက်ပါတယ်။
2021-06-01
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ မူတြော်ခရိုင် (ဖာပွန်) နယ်မြေ ထဲမှာ ဇွန်လ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးဦး သေဆုံး တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
2021-06-01
မြန်မာနိုင်ငံ မပျက်စီး၊ မကျဆုံးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ ဖိအားပေးဖို့ The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။