အာဆီယံခေါင်းဆောင်နှစ်ဦး အခုအပတ်အတွင်း မြန်မာနိုင်ငံကို လာဖို့ရှိ

2021.06.01
အာဆီယံခေါင်းဆောင်နှစ်ဦး အခုအပတ်အတွင်း မြန်မာနိုင်ငံကို လာဖို့ရှိ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံအရေးပေါ်အစည်းအဝေး။
File Photo/ AFP

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကို ဒီတပတ်အတွင်း ရောက်လာဖို့ အစီအစဉ်ရှိတယ်လို့ Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အာဆီယံအသင်းဝင်နိုင်ငံတွေ ကြားမှာ တုံ့ပြန်မှုတွေမတူဘဲ ကွဲနေကြတယ်လို့ သံတမန်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းက ရေးပါတယ်။ အာဆီယံအသင်းမှာ တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒ ချမှတ်ထားတာပါ။

အခုနှစ်အတွက် အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ ဘရူနိုင်းနိုင်ငံကပဲ အာဆီယံအသင်းရဲ့ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ Lim Jock Hoi တို့ဟာ မြန်မာပြည်က စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အခုတပတ်အတွင်းမှာ တွေ့ဖို့စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံခေါင်းဆောင်နှစ်ဦးရဲ့ မြန်မာပြည်ခရီးစဉ်က နောက်ကိုရွှေ့ကောင်းလည်း ရွှေ့သွားနိုင်တယ်လို့ဆိုပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေတွေ့ဆုံပြီး ဘုံသဘောတူညီချက် ငါးခုကို ချမှတ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပြီး အချိန် ငါးပတ်ကျော်အကြာမှာ အာဆီယံခေါင်းဆောင်နှစ်ဦး မြန်မာနိုင်ငံကိုသွားမယ်ဆိုတဲ့ကိစ္စက ဖြစ်လာခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။