သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-01
ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည် ၁၇ဝဝ ကျော်ကို နေထိုင်နိုင်ဖို့ ထိုင်းနယ်စပ်မှာ စီစဉ်ပေးထားပါတယ်။
2022-04-01
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ မတ်လ ၃၁ ရက်နေ့ မနေ့က ညနေပိုင်းမှာ မွတ်စလင်အမျိုးသား လေးဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
2022-04-01
အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်အာဏာပိုင်တွေ ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခုနှစ် ထောင်တွင်းသင်္ကြန်ကို ပါဝင်မှာမဟုတ်ကြောင်း အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ ကိုယ်စား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဧပြီလ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-04-01
မကွေးတိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း ရွာ ၁၈ ရွာက နေအိမ် ၇၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသလို လူပေါင်း ၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ မတ်လအတွင်းမှာဖြစ်ပွားခဲ့တဲ့ မကွေးတိုင်းက အခြေအနေတွေနဲ့ပတ်သက်လို့ မခက်မာ က စုစည်းတင်ပြထားပါတယ်။
2022-04-01
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဒီနှစ် ဖေဖော်ဝါရီလထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သား ၆၅၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။
2022-04-01
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့က အထက်တန်းကျောင်းမှာ ယနေ့ ဧပြီ ၁ ရက်နေ့ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-01
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် တိုးချဲ့ (၁) ရပ်ကွက် ထားဝယ်ချောင် အမှိုက်ပုံဘေးလမ်းမှာ နေထိုင်တဲ့ ဦးအုန်းကျော်တို့ မိသားစုဟာ သူတို့နေအိမ် ဘယ်အချိန် အင်အားသုံး ဖယ်ရှားခံရမလဲဆိုတာတွေးရင်း နေ့စဉ် စိုးရိမ်သောကရောက်နေပါတယ်။
2022-04-01
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး ထားပြီး အဲ့ဒီထဲက ၂၀ နီးပါးဟာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။