ဒဂုံတက္ကသိုလ်သမဂ္ဂက ကျောင်းသား ၂၀ နီးပါး ထောင်ချခံထားရ

2022.04.01
ဒဂုံတက္ကသိုလ်သမဂ္ဂက ကျောင်းသား ၂၀ နီးပါး ထောင်ချခံထားရ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ထောင်သုံးနှစ် ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသူ မဆုမွန် ကို တွေ့ရစဥ်
Photo: Citizen Journalist
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး ထားပြီး အဲ့ဒီထဲက ၂၀ နီးပါးဟာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က RFA ကို ပြောပါတယ်။
 
ပြစ်ဒဏ်တွေထဲမှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အထိ ပါဝင်တယ်လို့ သူက ပြောပါတယ်။
 
"ဒီကာလမှာတော့ စစ်တရားရုံးတွေကနေ ပြည်သူတွေကို အမိန့်ချနေတာ အများကြီးပါ။ ဘယ်သူက ဘယ်လောက်နှစ်ကျသွားတယ်ဆိုတာ ဘာမှ သဘောထားမှတ်ချက်ပေးစရာမရှိဘူး၊ ဒီလူတွေ အမြန် လွတ်မြောက်နိုင်အောင် အပြင်က ဆက်တိုက်ဖို့ပဲရှိတယ်"
 
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနက ကျောင်းသူ တစ်ဦးဖြစ်တဲ့ မဆုမွန်ကို ထောင်တွင်းတရားရုံးက ထောင် ၃နှစ် ချမှတ်လိုက်ပါတယ်။ မဆုမွန်ကို ရန်ကုန်တိုင်း၊ မရမ်းကုန်း မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
 
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီကို ဆန့်ကျင် ပုန်ကန်နေတဲ့ မြေပြင်ဆန္ဒပြပွဲတွေမှာ ကျောင်းသားသမဂ္ဂတွေဟာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။