သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-04
ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်ပွဲနဲ့ ပတ်သက်ပြီး ၁၉၇၄ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လက်ရှိ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးးကြီးစောလွင်ကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-02-04
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၅ ဖေဖော်ဝါရီလ (၃)ရက် ဒီနေ့ နေပြည်တော်မှာ ဆက်လက်ဆွေနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဆွေးနွေးပွဲ ပျက်သွားခဲ့ ပါတယ်။
2015-02-04
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးကနေ ခရီးရှည် ချီတက် ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မကွေးမြို့ ကံပြားအနောက်စု ရှားတောကျောင်းတိုက်မှာ တညတာ ရပ်နားထားပါတယ်။
2015-02-04
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က လက်ရှိ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအခြေနေတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတခုကို ဖေဖော်ဝါရီလ ၂ ရက် မနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2015-02-04
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ အမှတ် (၂) အထည်စက်ရုံက အလုပ်သမားတွေနဲ့ ကုမ္ပဏီအကြား စာချုပ်အသစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာ ဖေဖော်ဝါရီလ(၃)ရက် ဒီနေ့ထိ ပြေလည်မှုမရ ဘဲ ဖြစ်နေပါတယ်။
2015-02-04
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက စီစဉ်တင်ဆက်ထားပါတယ်။
2015-02-04
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မနေ့က မကွေးမြို့မှာ လှည့်လည်ဟောပြောခဲ့ကြပြီး အဲဒီ့မှာပဲ ညအိပ် ရပ်နားခဲ့ကြပါတယ်။
2015-02-04
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာတဝိုက်က စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၁ ထောင်နဲ့ အခြားစားနပ်ရိက္ခာတွေကို လှူဒါန်းဖို့ ဒီနေ့ မြစ်ကြီးနားကို သွားမှာဖြစ်ပါတယ်။
2015-02-03
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်လျှော့မှာမဟုတ်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-02-03
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ ထားဝယ်မြို့ခံ တစ်ထောင်ကျော်က ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်နေတဲ့ နဘုလယ်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-03
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ဝှိုက်ကဒ်လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ ဒေါက်တာသိန်းလွင်အနေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်မယ် ဆိုရင် အန်အယ်လ်ဒီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခွင့်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီတိုင်း က ကျောင်းသားကျောင်းသူ ၈၀ လောက်က ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြဖို့အတွက် ပုသိမ်မြို့ ကနေ ဒီနေ့ စတင်လမ်းလျှောက်ကြပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် နေပြည်တော်မှာ ဒီနေ့ဆွေးနွေးဖို့ ပြင်ဆင် ခဲ့ပေမဲ့ နိုင်ငံတော်သမ္မတက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2015-02-03
မန္တလေးမြို့ကနေ ရန်ကုန်ကို လမ်းလျှောက်ချီတက် လာကြတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲကာလမှာ မကွေးတိုင်း ချောက်မြို့နယ်က ရွာတစ်ရွာမှာ ညအိပ် ပြီး ခေတ္တရပ်နားဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေဘဲ ရေ နံချောင်းမြို့ကို ခရီးဆက်ခဲ့ရတယ်လို့ သိရပါတယ်။