ကျောင်းသားသပိတ်စစ်ကြောင်း- မကွေး


2015.02.04

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးကနေ ခရီးရှည် ချီတက် ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မကွေးမြို့ ကံပြားအနောက်စု ရှားတောကျောင်းတိုက်မှာ တညတာ ရပ်နားထားပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမှုကို သမ္မတရဲ့အမိန့်နဲ့ ၂၀၁၅ ဇန်နဝါရီလ (၃)ရက် ဒီကနေ့ ဖျက်သိမ်းလိုက်တဲ့ တချိန်တည်းမှာပဲ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းဟာ မကွေးမြို့တွင်းမှာ လှည့်လည်ပြီး ဆန္ဒပြ ဟောပြောခဲ့ပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။