သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-06
အခုအချိန်မှာ ငလျင်ကြောင့်ထိခိုက်မှုရှိခဲ့တဲ့ ပုဂံစေတီပုထိုးပေါင်း ၄၀၀ နီးပါး ပြန်လည်ပြုပြင်မယ့်ပုံစံကို တိတိ ကျကျပြောလို့မရသေးပေမယ့် နိုင်ငံတော် အဆင့်ဆွေးနွေးပွဲတွေ ယူနက်စကို၊ ပြည်တွင်းပညာရှင်တွေ အပြင်ပုဂံဒေသ ခံတွေနဲ့ပါတွေ့ဆုံဆွေးနွေးပွဲလုပ်ပြီး အဖြေရှာသွားမယ်လို့ ယူနက်စကို ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောလိုက်ပါတယ်။
2016-09-06
ကချင်ပြည်နယ် အစိုးရအဖွဲ့က အခုနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်နယ်လွှတ်တော်မှာ အတည်ပြု ချက်ရယူနိုင်ဖို့ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
2016-09-06
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြို့တဝက်လောက်နီးပါး မီးလောင်ပျက်စီးခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ နေအိမ်အတော်များများ ကို ပြန်လည်ဆောက်လုပ်နေပြီဖြစ်ပါတယ်။
2016-09-06
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ အကြောင်းကြားစာ မရရှိသေးသလို ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် က ရှမ်းပြည်နယ် NLD ပါတီ အလုပ် အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းရေးကို ရပ်ဆိုင်းထားမယ်လို့ ပြောထားကြောင်း ပြောပါတယ်။
2016-09-05
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ် ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ဒေ သတွေ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်း တထောင့်နှစ်ရာကျော်) လှူဒါန်းလိုက်ပါတယ်။
2016-09-05
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ရန်ကုန်မြို့ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။
2016-09-05
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး၊ ခရိုင်ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို ရာထူးကနေ ဖယ်ရှား လိုက်တယ်ဆိုတာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ယောက်အနေနဲ့ မသိရှိကြောင်း ဦးဉာဏ်ဝင်းက ပြော ပါတယ်။
2016-09-04
၂၁ ရာစု ပင်လုံညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ တအောင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် TNLA တို့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။
2016-09-04
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ဂရိတ်ဝေါလ် သကြားစက်ရုံက ထွက်ရှိတဲ့ ရေဆိုးတွေကို ဧရာဝတီမြစ်ထဲ တိုက်ရိုက်စွန့်ပစ်နေတဲ့အတွက် နောက်ထပ် မစွန့်ပစ်ဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စက်ရုံတာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။
2016-09-04
ဒုတိယအကြိမ် ထပ်မံကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံနဲ့ နိုင်ငံအနှံ့မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ UWSA ဝ အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးဖို့ လိုမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-09-04
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်မှာ နိုင်ငံခြားသားပညာရှင်တွေကို ထည့်သွင်းဖွဲ့စည်းတာဟာ နိုင်ငံရဲ့ အချုပ် အခြာအာဏာကို ထိခိုက်လာနိုင်တဲ့အတွက် ကန့် ကွက်ကြောင်း ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော် မတီ (ရန်ကုန်) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-04
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ ခရိုင်ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၆ ဦးကို အန် အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
2016-09-04
၂၁ ရာစုပင်လုံညီလာခံကနေ UWSA ၀ အဖွဲ့ထွက်ခွာသွားတာဟာ နားလည်မူလွဲမှား မှုဖြစ်တဲ့အတွက် တောင်းပန်ကြောင်းနဲ့ နောက်ထပ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်နိုင် ဖို့ NCA လမ်းကြောင်း အတိုင်းသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
2016-09-04
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုမြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်ကို ဗဟိုပြုပြီး ဒီကနေ့ မနက် အစောပိုင်းက ရစ်ချ်တာစကေး ၄.၂ အဆင့် ရှိ မြေငလျင်လှုပ် ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မန္တလေး မြေငလျင်စခန်းက သတင်းထုတ်ပြန်ပါတယ်။
2016-09-04
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မနက်ဖြန်ကစပြီး ကျူးကျော်နေထိုင်သူတွေ စာရင်း လိုက်လံကောက်ယူမယ်လို့ တိုင်းလွှတ်တော်ကိုယ် စားလှယ် က ပြောပါတယ်။