မီးဘေးသင့်နမ့်ဆန်မြို့ ပြန်လည်ထူထောင်ရေး
2016.09.06
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြို့တဝက်လောက်နီးပါး မီးလောင်ပျက်စီးခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ နေအိမ်အတော်များများကို ပြန်လည် ဆောက်လုပ်နေပြီဖြစ်ပါတယ်။ အရင်က မြို့ပြစီမံကိန်းရေး ဆွဲပြီး ဆောက်လုပ်ဖို့ စီစဉ်ထားပေမယ့်၊ ငွေကြေးကုန်ကျစရိတ် အခက်အခဲ ရှိနေတယ်လို့ ပလောင်ကိုယ်ပိုင် ပြန်လည်ထူထောင်ရေးကော်မတီ မှာ ပါဝင်တဲ့ အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးလှကျော်က ပြောပါတယ်။ ဦးလှကျော်ကို RFA သတင်းထောက် ကိုကံသာက တွေ့ဆုံမေးမြန်းထားပါတယ်။