သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မေးမြန်းချက်
2016.09.04
ဒုတိယအကြိမ် ထပ်မံကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံနဲ့ နိုင်ငံအနှံ့မှာ ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ UWSA ဝ အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးဖို့ လိုမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ နှုတ်ထွက်ခဲ့တဲ့အပေါ်မှာ UWSA ဝ အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။