သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-02
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ရခိုင်တိုင်းရင်းသားအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီနေ့ စတင်တာဝန်ယူ လိုက်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
2014-07-02
မြန်မာတစ်နိုင်ငံလုံးမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက တစ် သိန်းနှစ်သောင်းကျော်ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြေယာပြဿ နာ တွေအားလုံးကို ဖြေရှင်းပေး သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
2014-07-02
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ ပိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဒီနေ့ ကျင်းပဖို့စီစဉ်ထားတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်ကို တက္ကသိုလ်အုပ် ချုပ်ရေးက အဖွင့်အမှာစကားပြောခွင့် ပိတ်ပင်ခဲ့တာကြောင့် အဲဒီ ရုပ်ရှင်ပွဲတော်ကို ကျောင်းသားသမဂ္ဂက ဖျက်သိမ်းလိုက် ပါတယ်။
2014-07-02
မန္တလေးမြို့မှာ မနေ့ည ရ နာရီလောက်က စပြီး သန်းခေါင်ကျော်အထိ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ လူ ၅ ဦး ဒဏ်ရာရပြီး ဈေး ဆိုင်တွေနဲ့ ကား ၁၁ စီး ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့ က ပြောပါတယ်။
2014-07-02
မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက် ပြီး ပြည်သူတွေအနေနဲ့ ကောလာဟလ သတင်းတွေကို သတိထားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-07-02
လာမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ မှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ပေးဖို့ အမေရိကန် သမ္မတဟောင်း Jimmy Carter က ကမ်းလှမ်း ထားကြောင်း၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲအဖြစ် သက်သေပြလိုတဲ့ အတွက် ကော်မရှင်အနေနဲ့ တရားဝင် ဖိတ်ကြားသွား မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။
2014-07-02
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွှေဘုံသာကျေးရွာကတောင်သူတွေက မြင်းခြံ-နဘူးအိုင် စက်မှု စီမံ ကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေထဲက လျော်ကြေးမယူထားတဲ့ ဧက ၂၀၀၀ ကျော်ကို ပိုင်ဆိုင်မှုပုံစံ ချပေးဖို သတင်းစာရှင်းပွဲကျင်းပ တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
2014-07-02
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲမှာရှိတဲ့ ဟိန္ဒားသတ္ထုမိုင်းက မိုင်းတွင်းမှာ ရေတွေဖောက်ချနေတာကြောင့် မိုင်းအနီးက ကျေးရွာပိုင် ဥယျဉ်ခြံမြေတွေ ပျက်စီးနေသလို လမ်းတွေနဲ့ အိမ် တွေ ရေတွင်းတွေပါ ပျက်စီးနေပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထား ပါတယ်။
2014-07-02
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခန်း မူဆယ်နဲ့ ကချင်ပြည်နယ် မန်စီမြို့နယ်က မန်ဝိုင်းကြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေဖြစ်ပွားနေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ရှိသူ တွေကပြောပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-07-02
မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြန်လွှတ်ပေးဖို့ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေနဲ့ ဒေသ ခံတွေဟာ ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံမှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-07-02
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။
2014-07-01
မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
2014-07-01
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ် ခွင့် နောက်ကြောင်းပြန်သွားနေတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။
2014-07-01
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့ အေးသာယာရပ်ကွက် အနောက်ဘက် က လယ်ယာမြေဧက ၃၀၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရက အိမ်ခြံကွက်တွေဖော်ပြီး ရောင်း ချနေတဲ့အတွက် လျော်ကြေးမရတဲ့ လယ်သမားတစ် ရာကျော်လောက်က ဒီနေ့ တောင်ကြီးမြို့ပေါ်နဲ့ အေးသာယာ စက်မှုဇုန်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2014-07-01
သတင်းဂျာနယ်တိုက်တွေက တာဝန်ရှိ သူတွေကို မြန်မာနိုင်ငံ ရဲသတင်းအထူး တပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကူညီပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ဒီနေ့ လက်မှတ်တွေ စတင်ကောက်ခံနေပါတယ်။