သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-29
နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် အသက် (၈၄) နှစ်ရဲ့ ရုပ်အလောင်းကို မနေ့ညနေပိုင်းက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသြင်္ဂိုဟ်ခဲ့ရာမှာ ဦးထွေးမြင့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်တွေ အပါအဝင် ပရိသတ် ၂ ရာကျော် ပို့ဆောင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထား ပါတယ်
2013-11-28
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံရဲ့ ပထမဆုံး မြန်မာပြည်တွင်း သတင်းထောက် ကိုမိုးသူအောင်ဟာ အခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သတင်းထောက် ကိုမိုးသူအောင်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုခဲ့တွေကို အမှတ်တရ အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-11-28
ယခင်စစ်အစိုးရလက်ထက် က ထောက်လှမ်းရေး ညွှန်ကြားရေး မှူးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က နိုင်ငံရေးလုံးဝလုပ်မှာမဟုတ်ဘူးလို့ ဒီနေ့မှာ ကတိပေးပြောကြားလိုက်ပါတယ်။
2013-11-28
လူမျိုးစုတစ်ခုတည်းဖြစ်ပေမဲ့ "မြို" နဲ့"ခမိ" ဆိုပြီး နာမည်ကွဲနေတဲ့အပေါ် "မြို" စာပေနဲ့ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်များကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-11-28
မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ မှာ တင်သွင်းအတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဆက်စပ်တဲ့စာတမ်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန် ဆိုတဲ့အချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ မှာ ဒေသခံ ၈၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2013-11-28
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန် မြို့ နိုဝင်ဘာ ၂၇ ရက်၊ မနေ့ည ၉ နာရီမိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2013-11-28
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းစစ်စစ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2013-11-28
မြန်မာနိုင်ငံမှာ မှေးမှိန်ကျဆင်းလာနေတဲ့ ရသစာပေ မြှင့်တင်ရေးအတွက် စာသင်ကျောင်းတွေမှာ စာရေးဆရာ၊ ကဗျာဆရာတွေ ရွတ်ဖတ်ဆွေးနွေးပြီး ရသစာပေကို မြှင့်တင်သွားမယ်လို့ Pen Myanmar အဖွဲ့က ကြေညာလိုက်ပါတယ်။ Pen Myanmar အဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားမှာ စာရေးဆရာတွေက ပြောလိုက်တာပါ။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-11-28
နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ၂၄ ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ ၂ဝ ကျော် ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2013-11-28
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆက်လက်ကျင်းပနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-11-28
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ တွေ့ဆုံပြီး ဖွဲ့စည်းခဲ့တဲ့ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့" NCCT ရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆက်ပြီးကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
2013-11-28
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Sydney Opera House မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားအကြောင်းကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-28
ဒီကနေ့ကျရာက်တဲ့ ၉၃ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-11-27
ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၅ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီး ဦးထွေးမြင့်ရဲ့ ရုပ်အလောင်းကို မနေ့ညနေ ၅နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သြင်္ဂိုလ်ခဲ့ပါတယ်။
2013-11-27
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ ရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် မြေပိုင်ရှင်တွေဟာ မနေ့နေ့လည်ပိုင်းက သပိတ်စခန်းဖွင့်လိုက်ပြီး အခုဆိုရင် တောင်းဆိုချက် ၆ ချက်ကို ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။