ရသစာပေနဲ့ Pen Myanmar အဖွဲ့
2013.11.28
မြန်မာနိုင်ငံမှာ မှေးမှိန်ကျဆင်းလာနေတဲ့ ရသစာပေ မြှင့်တင်ရေးအတွက် စာသင်ကျောင်းတွေမှာ စာရေးဆရာ၊ ကဗျာဆရာတွေ ရွတ်ဖတ်ဆွေးနွေးပြီး ရသစာပေကို မြှင့်တင်သွားမယ်လို့ Pen Myanmar အဖွဲ့က ကြေညာလိုက်ပါတယ်။ Pen Myanmar အဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားမှာ စာရေးဆရာတွေက ပြောလိုက်တာပါ။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။