ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ရဲ့ ရုပ်အလောင်း ကို ရေဝေးမှာသြင်္ဂိုလ်
2013.11.27

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၅ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ရဲ့ ရုပ်အလောင်း ကို မနေ့ညနေ ၅နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သြင်္ဂိုလ်ခဲ့ပါတယ်။
ဦးထွေးမြင့်ရဲ့ ဈာပနကိစ္စအဝဝအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းထားတယ်လို့ မိသားဝင်တစ်ဦးက ပြောပါတယ်။
"ကွန်လွန်သူ ဦးထွေးမြင့် အသက် (၈၄) နှစ် ကိုယ့်ကျိုးစွန့်သွားတဲ့ နိုင်ငံရေးသမားကြီးရဲ့ ဈာပနကိစ္စအတွက် လိုအပ်ရာရာများ ကို ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်း သွားပါတယ်"
ဦးထွေးမြင့်ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ဒန်ဘီဘီစီ၊ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ပြည်ချစ်တပ်ပေါင်းစုစတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင် ခဲ့ပြီး နိုင်ငံရေးသမားအဖြစ် ဘဝတလျှောက်လုံး နေထိုင်သွားခဲ့ရာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သေဒဏ် အပါအဝင် ထောင်ဒဏ်အကြိမ်ကြိမ် ကျခဲ့ရသူဖြစ်ပါတယ်။
သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါ တယ်။ မနေ့ကကျင်းပတဲ့ ဦးထွေးမြင့်ရဲ့ ဈာပနအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးပါတီ အသီးသီးကခေါင်းဆောင်တွေ အဖွဲ့ဝင်တွေရာနဲ့ချီပြီး လာရောက်ခဲ့ကြပါတယ်။
ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်နဲ့ ပတ်သက်ပြီး သိရှိတွေ့ကြုံခဲ့ရပုံ တစိတ်တပိုင်းကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။