သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-17
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို ဇန်နဝါရီ ၁၆ရက် မနေ့က တစ်ရက်တည်းမှာတင် ရိုဟင်ဂျာ ၁၃ဝလောက် လှေတွေနဲ့ဝင်ရောက်လာတယ်လို့ ထိုင်းဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
2013-01-16
လက်ရှိမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ထက် ပိုပြီးလွတ်လပ်လာကြောင်း မနေ့ကထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာတစ်ဝှန်း လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2013-01-16
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2013-01-16
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ သိပ်ပြီးမြန်ဆန်မယ်လို့ မမြင်ကြောင်း၊ ဒီပြဿနာကို သူပါဝင်ဖြေရှင်းလိုပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းမှုရှိမှသာ ပါဝင်ဖို့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
2013-01-16
ကချင်ဒေသမှာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်ကို လမ်းလျှောက်ချီတက် သွားမယ်လို့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။
2013-01-16
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေတစ်ဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ ဒီကနေ့မနက်ပိုင်း ၁၁နာရီလောက်ကစပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရ တပ်တွေဟာ ကေအိုင်အေတပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင်ပတ်ဝန်းကျင်လောက် အထိ ရောက်ရှိနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
2013-01-16
ထိုင်းနိုင်ငံမှာ အထောက်အထား မရှိသေးတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ အသက် ၁၅နှစ်အောက် ကလေးတွေကို နိုင်ငံသား စီစစ်မှုပြုလုပ်ပြီး ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ပြုလုပ်ပေးနေတဲ့ လုပ်ငန်းစဉ်ကို ထိုင်းအစိုးရက ၂၀၁၃ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့အထိ တိုးချဲ့လုပ်ဆောင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2013-01-16
ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
2013-01-16
ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)၊ ရခိုင့်တပ်မတော် (AA)တို့နဲ့ Shwe Gas အဖွဲ့တွေက ဦးစီးပြီး ပထမအကြိမ်မြောက် ရခိုင်အမျိုးသားများ စုစည်းဆွေးနွေးပွဲတစ်ခုကို ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ၄ရက်ကြာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2013-01-16
တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲထည့်စေပြီး တပ်မတော်သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့်အ၀ ဘတ်ဂျက်ချပေးစေလိုတယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပဉ္စမကာလတိုငါးနှစ် အမျိုးသားစီမံကိန်းမူကြမ်း (၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်ထိ) ဆွေးနွေးရာမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုးက ပြောသွားပါတယ်။
2013-01-16
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။
2013-01-16
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားဘူတာအနီး တံတား ၂ ခုကြားမှာ ဇန်နဝါရီ ၁၄ ရက်နေ့ည ၈ နာရီခန့်လောက်က ပြင်းအားကြီး ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ရထားလမ်း အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။
2013-01-15
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခု တင်သွင်းမယ်လို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားစဉ်မှာ သတင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
2013-01-15
ကုန်ဈေးနှုန်းကျဆင်းရေး ဦးဆောင်လှုပ်ရှားသူ ကိုထင်ကျော်ရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ မနေ့ညနေပိုင်း က ပြန်လည်ကျင်းပခဲ့ပါတယ်။
2013-01-15
၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမ္ဗာန် မှာ တောင်ကိုရီယား အစိုးရအဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အောက်မေ့ဖွယ် အထိမ်းအမှတ်တခုထားရှိဖို့ မြန်မာနဲ့ တောင်ကိုးရီးယား အစိုးရတို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။