မြောက်ကိုရီးယား လုပ်ကြံမှုကြောင့် ကျဆုံးသူတွေအတွက် အထိမ်းအမှတ် ထားရှိမည်
2013.01.15
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်နဲ့ အစိုးရဝန်ကြီးတွေ အာဇာနည်ကုန်းကို လာရောက်အလေးပြုချိန် မှာ မြောက်ကိုရီးယား အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေရဲ့ ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုးရီးယား ဒု-သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အရာရှိ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
ဗုံးကွဲခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းက စတုရန်းမီတာ ၂၆ဝရှိတဲ့ မြေကွက်လပ်ကို အထိမ်းအမှတ်နေရာဆောက်လုပ်ဖို့ မြန်မာအစိုးရက ခွင့်ပြုထားတယ်လို့ သံတမန်သတင်းတွေကို ကိုးကားပြီး ဒီကနေ့ထုတ် Chosun သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီအထိမ်းအမှတ်ကို ဗုံးကွဲခဲ့တဲ့ အနှစ် ၃ဝမြောက်ဖြစ်တဲ့ လာမယ့် အောက်တိုဘာ ၉ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ တောင်ကိုးရီးယားက စီစဉ်နေတယ်လို့လည်း သိရပါတယ်။