ထိုင်းတောင်ပိုင်းကို လှေတွေနဲ့ ဝင်လာတဲ့ ရိုဟင်ဂျာ ထောင်ဂဏန်းနီးပါးရှိလာနေ

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို ဇန်နဝါရီ ၁၆ရက် မနေ့က တစ်ရက်တည်းမှာတင် ရိုဟင်ဂျာ ၁၃ဝလောက် လှေတွေနဲ့ဝင်ရောက်လာတယ်လို့ ထိုင်းဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

2013.01.17
rohingya_boat_305px.jpg မြန်မာနိုင်ငံမှလှေဖြင့် ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ၂၀၀၆ ခုနှစ် ဧပြီ ၂၅ရက်နေ့တွင် အင်ဒိုနီးရှား အစောင့်ရဲနဲ့အတူ တွေ့ရစဉ်
Photo: AFP

ထိုင်းနိုင်ငံတောင်ပိုင်း Phra Thong ဖရာသွန်ကျွန်းကို မနေ့ကလှေတွေနဲ့ ဝင်ရောက်လာသူ ၈၈ယောက်ဟာ မိမိတို့ ရိုဟင်ဂျာတွေဖြစ်ပါတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့ထံမှာ ပြောဆိုခဲ့ပါတယ်။

အလားတူ မုတ္တမပင်လယ်ကွေ့ထဲက ထိုင်းနိုင်ငံပိုင်ကျွန်းတစ်ခုကို နောက်ထပ် ၄၈ယောက် ဝင်ရောက်လာတယ်လို့ သိရပါတယ်။ သူတို့အားလုံးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက မြန်မာနိုင်ငံဖက် ပြန်ပို့ရေးအတွက် စစ်ဆေးမှုတွေလုပ်နေပါတယ်။

အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ထိုင်းတောင်ပိုင်းကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဦးရေ ၈၅၀ကျော်ရှိခဲ့ပြီး သူတို့ဟာ ထိုင်းနဲ့ မလေးရှားနယ်စပ် ရော်ဘာခြံတွေထဲမှာ ပုန်းအောင်းနေခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာဖြစ်ပါတယ်။

သူတို့အားလုံးကို တွေ့ခွင့်ရဖို့အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရထံ ခွင့်တောင်းရာမှာ ထိုင်းအစိုးရက မနေ့က ဇန်နဝါရီလ ၁၆ရက်နေ့မှာ ခွင့်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။