တပ်မတော်သားတွေကို နိုင်ငံတော် ကသာ ထောက်ပံ့ဖို့ လွှတ်တော်မှာဆွေးနွေး

တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲထည့်စေပြီး တပ်မတော်သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့်အ၀ ဘတ်ဂျက်ချပေးစေလိုတယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပဉ္စမကာလတိုငါးနှစ် အမျိုးသားစီမံကိန်းမူကြမ်း (၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်ထိ) ဆွေးနွေးရာမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုးက ပြောသွားပါတယ်။

2013.01.16
parliment-assembly305 ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။
Photo:RFA

မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့စီးပွားရေး ပိတ်ဆို့မှုဒဏ်တွေကြောင့် စီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိခဲ့ပြီး၊ အခုအချိန်မှာ ပြည်သူလူထုမှာ အလုပ်လက်မဲ့ခံစားမှုတွေ၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေ ခံစားနေကြရတဲ့အတွက် အမျိုးသားစီမံကိန်းမူကြမ်းမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်မှ ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးသွားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပဉ္စမ ငါးနှစ်တိုကာလ အမျိုးသားစီမံကိန်းမူကြမ်းနဲ့ ပတ်သက်လို့ ဒုတိယနေ့အဖြစ် လွှတ်တော်ကိုယ်စားလှယ် ၁၈ဦးတို့က ဆွေးနွေးခဲ့ကြပြီး၊ အဲဒီဆွေးနွေးပွဲမှာ ဒေသအလိုက် ပြည်သူတွေရဲ့ ခံစားနေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အရေး၊ လျှပ်စစ်၊ ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ သစ်တောရေးရာ စတဲ့ ကိစ္စရပ်တွေကို အများဆုံးဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။