သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-13
သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ကို ဖေဖေါ်ဝါရီလ ၁၃ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2013-02-13
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်က အလွမ်းဆွတ်၊ ဖလန်း၊ ကရက်ကြီးနဲ့ ဘေးပေါက်စတဲ့ ကျေးရွာ ၄ ရွာနဲ့ သန်လျင်မြို့၊ ရွှေပြည်သာယာ ရပ်ကွက်မှာရှိတဲ့ လယ်သမား ၃ ထောင်ကျော် စုပေါင်းပြီး လယ်ယာမြေများဆုံးရှုံးမှု အခွင့်အရေး ကာကွယ်ရေးကော်မတီကို မနေ့က ဖွဲ့စည်းလိုက် ပါတယ်။
2013-02-13
မြန်မာနိုင်ငံမှာ “မျှော်လင့်ချက် အင်အား” ကို မြင်တွေ့ခဲ့ရကြောင်း အမေရိကန်သမ္မတ Barak Obama က ပြောလိုက်ပါတယ်။
2013-02-13
ဒီကနေ့မှာကျရောက်တဲ့ လွပ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အရပ်ဖက်လူ့အဖွဲ့ အစည်းတွေစုပေါင်းပြီး ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အင်းလျားကန်ဘောင်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့ ညနေ ၄ နာရီက ကျင်းပခဲ့ပါတယ်။
2013-02-13
ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ကဗျာ၊ သီချင်းပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ရက်အဖွဲ့ကနေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-02-13
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းအရင်း အချက်အလက်တွေကို ကွင်းဆင်းလေ့လာဖို့အတွက် ရခိုင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။
2013-02-13
မြန်မာပြည်က ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာထား ကြိုးစား ကြစေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် ဂုဏ်ပြု သတ်မှတ်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့မှာကျရောက်တဲ့ ၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပြောလိုက်ပါတယ်။
2013-02-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကနေ တက္ကသိုလ် ဝင်တန်းသင် ပညာဒါနကျောင်း ၄၈ ကျောင်းအတွက် အလှူငွေ ကျန် ၁၄၃ သိန်းကို လှူဒါန်းလိုက်ပါတယ်။
2013-02-12
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ကရင်အမျိုးသားနေ့နဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေကို တင်ပြဆွေးနွေးထားကြပြီး ဦးခင်မောင်စိုးက တာဝန်ယူတင်ဆက်ထားပါတယ်။
2013-02-12
မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရခိုင်တိုင်းရင်းသားနဲ့ မူဆလင်ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေနဲ့ စစ်တွေဟိုတယ်မှာ ၁ နာရီကြာ သီးသန့်ဆွေးနွေးခဲ့ပါတယ်။
2013-02-12
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် ကြာ ကျင်းပခွင့်မရရှိခဲ့တဲ့ ချင်းအမျိူးသားနေ့ကို ဒီနှစ်ကစပြီး တရားဝင် ပြန်လည်ကျင်းပနိုင်တော့ မယ်လို့ ချင်းတိုင်းရင်းသားခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။
2013-02-12
ဒီမိုကရေစီမိတ်ဆွေပါတီတွေ ပူးပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဘိုကလေးဈေး လမ်းမပေါ်မှာရှိတဲ့ YWCA ခန်းမ မှာ ဖေဖေါ်ဝါရီလ ၁၂ ရက် ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-02-12
ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ် ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက် ပါတယ်။
2013-02-12
ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီက ကျင်းပခဲ့ပါ တယ်။
2013-02-11
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မောင်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ဘူးသီးတောင်မြို့နယ်တစ်ခုလုံး မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး ည ၈ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပါတယ်။