လူမှုအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ အင်းလျားကန်ဘောင်က ဗိုလ်ချုပ်မွေးနေ့ပွဲ

ဒီကနေ့မှာကျရောက်တဲ့ လွပ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အရပ်ဖက်လူ့အဖွဲ့ အစည်းတွေစုပေါင်းပြီး ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အင်းလျားကန်ဘောင်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့ ညနေ ၄ နာရီက ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း သုံးစွဲနေတဲ့ ငွေကြေးတွေနဲ့ အမှတ်တရပစ္စည်းတွေမှာ ဗိုလ်ချုပ်ရုပ်ပုံ ထည့်သွင်းပေးဖို့၊ ဗိုလ်ချုပ်မွေးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို ဒီကနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

ဒီအခမ်းအနားကို ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး လူပုဂ္ဂိုလ် (၂၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ပါတယ်။

ဓမ္မစေတီဆရာတော် အရှင်ကောသလ္လက ပဲပြုတ်နံပြားကို အင်းလျားကန်မှာရှိတဲ့ လူအားလုံးကို အလှူဒါနပြုလုပ်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်ပြီး အမှတ်တရ စကားပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပွဲအကြောင်းကို RFA သတင်းထောက် မအိအိခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00