အမေရိကန်သမ္မတ မြန်မာပြည်ရဲ့ အပြောင်းအလဲ ထည့်သွင်းပြောကြား

မြန်မာနိုင်ငံမှာ “မျှော်လင့်ချက် အင်အား” ကို မြင်တွေ့ခဲ့ရကြောင်း အမေရိကန်သမ္မတ Barak Obama က ပြောလိုက်ပါတယ်။

2013.02.13

အမေရိကန် သမ္မတအဖြစ် ဒုတိယသက်တမ်း အရွေးချယ်ခံရပြီးနောက် လွှတ်တော်မှာ ဖေဖေါ်ဝါရီလ ၁၂ ရက် မနေ့က ပြောကြားတဲ့ “နိုင်ငံတော် အခြေပြမိန့်ခွန်း” မှာ သမ္မတ Obama က အခုလို ထည့်သွင်း ပြောခဲ့တာပါ။

“သမိုင်းတွင်မယ့် အခုလို အပြောင်းအလဲကာလမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လွတ်လပ်မှုကို ရယူလိုသူတွေအတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်ပြီးရှိနေဖို့ လိုအပ်ပါတယ်၊ မနှစ်က မြန်မာနိုင်ငံကို သွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနှစ်ပေါင်းများစွာ အကျယ်ချုပ်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့နေအိမ်မှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် သမ္မတတစ်ဦးကို ကြိုဆိုဧည့်ခံနိုင်ခဲ့ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင် “ထောင်သောင်းချီတဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေးဝဲယာ တဖက်တချက်မှာ အမေရိကန်အလံတွေကို ဝှေ့ရမ်းပြီး သူ့ကိုကြိုဆိုခဲ့ကြတဲ့အကြောင်း၊ အဲဒီထဲက မြန်မာပြည်သူတစ်ဦးကဆိုရင် အမေရိကန်ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေ ထွန်းကားနေပါတယ်၊ ကျနော်တို့ နိုင်ငံကိုလည်း အမေရိကန်ပြည်ထောင်စုလို ဖြစ်ချင်ပါတယ်လို့ ပြောတာကို သူကြားသိခဲ့ရပါတယ်” လို့ သမ္မတ Obama က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။