သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-05
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် မှတ်ပုံတင် ထုတ်ပေးဖို့အတွက် ထိုင်းအာဏာသိမ်း စစ်အစိုးရက ကြေညာထားပါတယ်။
2014-08-05
ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာနိုင်ငံ သားဖြစ်ခွင့်လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေ နဲ့အညီ လူတွေ့ စစ်ဆေးမေးမြန်းမှုကို မြို့နယ်အဆင့်အဖြစ် ဒီနေ့ စတင်စစ်ဆေးနေပါတယ်။
2014-08-05
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေ မနက်ဖြန် ကော်မရှင်နဲ့ တွေ့ဆုံကြ မယ်လို့ သိရပါတယ်။
2014-08-05
ပိုင်နက်ကျူးလွန်မှု၊ ခိုးမှု၊ လူစုလူဝေးနဲ့ ဝင်ရောက်မှုတွေနဲ့ဖမ်းဆီးတရားစွဲခံထား ရတဲ့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ဆင်တိုးရွာကလယ်မား ၁၇ ယောက်နဲ့ကျောင်းကုန်းမြို့နယ် ကုန်းရှန်းရွာက လယ်သမား ၂ ယောက်အပါအဝင် လယ်သမား ၁၉ ယောက်ကို ပန်းတနော်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-08-05
မန္တလေးမြို့ပဋိပက္ခ စတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုတွေမှာ ပါဝင် ပတ်သက်သူ ၄ ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁နဲ့ ဒီနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2014-08-05
မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2014-08-05
လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို မကျင့်သုံးဖို့ ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက်က ဒီနေ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2014-08-05
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်း မြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချ လိုက်ပါတယ်။
2014-08-05
မြန်မာနိုင်ငံကို လာရောက်လည်ပတ် တဲ့ နိုင်ငံခြားသားခရီးသည်တစ်ယောက် ဟာ သူ့ရဲ့ ခြေသလုံးမှာ ဗုဒ္ဓပုံတော်တွေ ကို ဆေးမင်ကြောင်ရေးထိုးထားတဲ့အတွက် သက်ဆိုင် ရာက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။
2014-08-05
ပြီးခဲ့တဲ့ စနေနေ့က Ooredoo ကုမ္ပဏီက ဆင်းကတ်တွေ ရောင်းချတာနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ဆိုနီတယ်လီဖုန်ုး တစ်လုံးစီလက်ဆောင်ပေးခဲ့ပါတယ်။
2014-08-05
အသက်မပြည့်ဘဲ စစ်မှုထမ်းခဲ့ကြရတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မြန်မာ့ တပ်မတော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့တာကို ကြိုဆိုကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့ပြီး၊ အဲဒီကလေးတွေရဲ့ ပညာရေး အတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
2014-08-04
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကို ရန်ကုန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ သြဂုတ်လ ၃ ရက်နေ့က ပြု လုပ်ခဲ့ပါတယ်။
2014-08-04
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုစည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ ရုံးမှာ မနေ့က အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
2014-08-04
အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက်၊ စုစုပေါင်း ၆ ဦးကို ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-08-04
မကွေးတိုင်းမင်းလှမြို့နယ်မှာ ရေနံတူးဖော်နေကြတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို ကူညီ ဖြေရှင်းပေးနိုင်ဖို့အတွက် “ရေနံမှော်လုပ်သားများသမဂ္ဂ” ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။