နိုင်ငံသားလျှောက်သူ ၁၀၀၀ ကျော် မြေပုံမြို့ မှာစတင်စိစစ်


2014.08.05

ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်ထားတဲ့ မွတ်စလင် တစ်ထောင်ကျော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ လူတွေ့ စစ်ဆေးမေးမြန်းမှုကို မြို့နယ်အဆင့်အဖြစ် ဒီနေ့ စတင်စစ်ဆေးနေပါတယ်။

စစ်ဆေးပုံအဆင့်ဆင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့အထဲမှာပါဝင်တဲ့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလိုပြောပါတယ်။

"သူတို့ အဖေ၊ အမေ၊ အဖိုး၊ အဘွားတွေရဲ့ အဖြစ်တွေချည်းပဲ ပြောပြီးတော့ တို့ဆီမှာလျှောက်လွှာ တင်ထားတာပေါ့နော် အဲ့လျှောက်လွှာကို ရုံးချုပ်မှာရှိတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ ရှာဖွေပြီးတော့မှ အဲ့သူတို့ရဲ့ အဖေမှတ်တမ်း၊ အမေမှတ်တမ်းတွေထည့်၊ ထည့်ပြီးတော့မှ အမှှုတွဲတည်ဆောက် ထားပြီးတော့မှ အဲ့တည်ဆောက်ထားပြီးသား အမှှုတွဲတွေကို မြို့နယ်နိုင်ငံသားစိစစ်ရေးအဖွဲ့ကနေ ပြီး ခေါ်ယူတွေ့ဆုံပြီးမှ တစ်ဦးချင်းမှတ်တမ်းနဲ့တိုက်ပြီး နည်းနည်းအပြင်မှာရှိတဲ့ အနေအထားတွေကို မှတ်တမ်းမှတ်ရာမှတ် မှန်မမှန်ပေါ့နော် တစ်ဦးချင်းရဲ့ အဖေ၊ အမေ ရှိမရှိ ဒါတွေစစ်ပေးတာပေါ့နော်"

မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၁၅ရက်နေ့မှာစတင် လက်ခံခဲ့တာဖြစ်ပြီး ဒီနေ့ကစပြီး နိုဝင်ဘာ လမှာ အပြီး စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို မြန်မာနိုင်ငံသားဖြစ်ခွင့် စစ်ဆေးပြီးသွားရင် အသိအမှတ်ပြု ကတ်ပြားထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။