Ooredoo လက်ဆောင်ပေးမှု သတင်းထောက်ကျင့်ဝတ်နဲ့ ညီ၊ မညီ မေးမြန်းချက်
2014.08.05
ပြီးခဲ့တဲ့ စနေနေ့က Ooredoo ကုမ္ပဏီက ဆင်းကတ်တွေ ရောင်းချတာနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ဆိုနီတယ်လီဖုန်ုး တစ်လုံးစီလက်ဆောင်ပေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်နဲ့ ကိုက်ညီမူ ရှိမရှိ ငြင်းခုန်မူတွေရှိနေပါတယ်။
Ooredoo ကုမ္ပဏီကပေးတဲ့ လက်ဆောင်ကို ပြန်အပ်ခဲ့သူ AP ဓါတ်ပုံသတင်းထောက် ကိုခင်မောင်ဝင်းကို သတင်းသမား ကျင့်ဝတ်နဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။