ကလေးစစ်သား ပြန်လွှတ်မှု ကုလ ကြိုဆို
2014.08.05

အသက်မပြည့်ဘဲ စစ်မှုထမ်းခဲ့ကြရတဲ့ ကလေးစစ်သား ၉၁ ယောက်ကို မြန်မာ့တပ်မတော်က မိဘတွေထံ ပြန် လည် အပ်နှံခဲ့တာကို ကြိုဆိုကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပြီး၊ အဲဒီကလေးတွေရဲ့ ပညာရေး အတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက် ပါတယ်။
အခုလို မိဘတွေနဲ့ ကာလကြာရှည်ခွဲခွာနေခဲ့ကြရတဲ့ ကလေးတွေ မိဘတွေနဲ့ ပြန်လည်ဆုံစည်းရပြီး၊ သေ နတ်တွေနဲ့ဝေးရာ စာသင်ခန်းတွေဆီ ရောက်ရှိမယ့်အရေး ကြိုဆိုကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးရဲ့ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ကလေးစစ်သား ၉၁ ယောက် ပြန်လွှတ်တဲ့ အခမ်းအနား ကို ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနဲ့ တည်းခိုရေး စခန်းမှာ သြဂုတ်လ (၁)ရက်နေ့က ကျင်းပခဲ့ပါတယ်။
အခု ပြန်လွှတ်တဲ့ကလေးတွေဟာ အရင်ကပြန်လွှတ်တဲ့ ကလေးတွေလိုမဟုတ်ဘဲ အမြန်ဆုံးကျောင်းနေခွင့် ရရှိကြမယ်လို့ သိရပါတယ်။ အရင်က ကလေးတွေကတော့ ကျောင်းနေခွင့်ပြန်ရဖို့ အနည်းဆုံးနှစ်လစောင့်ရ ပါတယ်။