သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-08
Aimstar ကုမ္ပဏီက ဦးဂျိုးဇက်က သတင်းမီဒီယာသမားတွေကို ပြောဆိုခဲ့ တာတွေနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာ သူတွေအားလုံးကို တောင်းပန်ကြောင်း ဒီနေ့ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
2016-10-08
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်း တိုက်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ဆရာတော် ၅ ပါးအနေနဲ့ မဟန ဆရာတော်တွေကို မတောင်းပန်တဲ့ အတွက် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။
2016-10-08
မြန်မာနိုင်ငံမှာ မြေငလျင်တိုင်းတာ တဲ့ ခေတ်မီစက်ပစ္စည်းတွေ၊ မြေငလျင် တိုင်းတာရေး စခန်းတွေ နည်းနေတယ် လို့ မြန်မာနိုင်ငံမြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောပါတယ်။
2016-10-08
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ သီတင်းကျွတ်လ တိုင်းနှစ်စဉ် ကျင်းပနေတဲ့ ဖောင်တော်ဦး ဘုရားပွဲ စတင်နေပြီး၊ ဒီနေ့မှာတော့ ဘုရားဆင်းတုတော် ဟာ ညောင်ရွှေမြို့ကို ဒေသစာရီ လှည့်လည်ကြွချီခဲ့ပါတယ်။
2016-10-08
နာဂဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ကို သွားရောက်ကုသခဲ့တဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦး နဲ့ အငှားယာဉ်ပေါ်မှာ ကျန်ခဲ့တဲ့ စိန်ထုပ်ကို ပိုင်ရှင် ထံ ပြန်လည်အပ်နှံခဲ့တဲ့ အငှားယာဉ်မောင်း ဦးသန်း ထိုက်ကျော်တို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။
2016-10-08
ရခိုင်အမျိုးသားပါတီ ANP တွင်းက အခြေ အနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို နှစ်ပါတီပေါင်းစည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်ဟောင်းတွေက ဒီနေ့ ကျောက်တော်မြို့မှာ စတင် ကျင်းပနေပါတယ်။
2016-10-08
တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချိတ်ဆက် ပြီး ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်ဖို့ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
2016-10-08
ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ အိမ်ထောင်စု ၂၆ စုက မြန်မာနိုင်ငံသား ၉၆ ဦးကို ဒီလအတွင်း ပြန်လည်ခေါ် ယူပြီး မြဝတီမြို့က လေးကေ့ကော်မြို့သစ်စီမံကိန်းမှာ ယာယီနေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာနက စီစဉ်နေပါတယ်။
2016-10-08
၂ဝ၁၆-၁၇ ပညာသင်နှစ်မှာ ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာဆရာမ နှစ်ထောင်ကျော်ကို ခန့်အပ်သွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြည်သူ့လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။
2016-10-08
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ရာမှာ… အစိုးရနဲ့ လွှတ်တော်၊ အပြန်အလှန် ထိန်းကျောင်းမှု၊ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကိစ္စ၊ အခြေခံဥပဒေပြင် ဆင်ရေးနဲ့ မြစ်ဆုံကိစ္စတွေ ကို ဖြေကြားခဲ့ပါတယ်။
2016-10-08
Aim Star စီးပွားရေးလုပ်ငန်း ကုမ္ပဏီတာဝန်ရှိသူ ဦးဂျိုးဇက်က သတင်းမီဒီယာသမားတွေကို စော်ကားပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မနက်ဖြန် ရန်ကုန်မြို့က Wester Park စားသောက်ဆိုင်မှာ တရားဝင် တောင်းပန်မယ်လို့ Aim Star ကုမ္ပဏီက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဒီကနေ့ ပြောလိုက်ပါတယ်။
2016-10-08
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတ၊ မြေယာ ပိုင်ဆိုင်ခွင့် စတာတွေကို ရခိုင်ပြည်သူတွေ ရရှိရေးအတွက် ၁၀ ရက်ကြာ ခရီးရှည်လမ်းလျှောက် ဆန္ဒပြ တောင်းဆိုဖို့အတွက် ရခိုင်သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဆုံးဖြတ်လိုက်ပါတယ်။
2016-10-08
မန္တလေး မဟာအောင်မြေမြို့နယ်မှာ ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ကြိုး ဖြုတ်ခဲ့တဲ့ နယ်သာလန် နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား Mr. Klaas ကို မနေ့က ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။
2016-10-08
နေပြည်တော်ကောင်စီ ဒက္ခိဏခရိုင်ထဲက ပေါင်းလောင်းရေလွှဲဆည်ကြောင့် လွန်ခဲ့တဲ့ ၇ နှစ်ကျော်က နေရာ ပြောင်းရွှေ့ ခဲ့ရတဲ့ ဝဲကြီးနဲ့ ကူးတို့ဆိပ်ကျေးရွာ ဒေသခံတွေ အခုချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2016-10-07
မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင် စုရဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကို သမ္မတ အိုဘားမား က ရုပ်သိမ်းလိုက်ပါပြီ။ အမေရိကန်လွှတ်တော် ကို သောကြာနေ့ မနေ့က ပို့လိုက်တဲ့ အကြောင်း ကြားစာမှာ သမ္မတ အိုဘားမား က မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖု့ိ ဆုံးဖြတ် လိုက်ကြောင်း ဖေါ်ပြထားပါတယ်။