သြဂုတ်လနဲ့ စက်တင်ဘာလ အတွက် ချီးကျူးဂုဏ်ပြုထိုက် သူနှစ်ဦးကို ထုတ်ပြန်ကြေညာ
2016.10.08

နာဂဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါကို သွားရောက်ကုသခဲ့တဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးနဲ့ အငှား ယာဉ်ပေါ်မှာ ကျန်ခဲ့တဲ့ စိန်ထုပ်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တဲ့ အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော် တို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လစဉ်ချီးကျူးဂုဏ်ပြုထိုက်သူ တစ်ဦးစီကို ထုတ်ပြန်ကြေ ညာနေတာဖြစ်ပါတယ်။
သြဂုတ်လအတွက် ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးနဲ့ စက်တင်ဘာလအတွက် ယာဉ်မောင်း ဦးသိန်းထိုက်ကျော် တို့ကို ရွေးချယ်ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။
ဦးသန့်ဇင်ဦးဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ကာရော်နောက်ညိုကျေးရွာက ကျန်းမာရေး ဌာနမှာ ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထန်ခေါ်လန်မ နာဂကျေးရွာမှာ လူသေဆုံးတဲ့ အထိ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝက်သက်ရောဂါကြောင့် ဒေသခံ သက်ကြီးရွယ်အိုတွေ ကလေးတွေ သေဆုံးနေ တာကို သွားရောက်ကုသပေးခဲ့တာဖြစ်ပါတယ်။
ရောဂါဖြစ်ပွားတဲ့ကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရွာသူရွာသားတွေရဲ့ ကျန်းမာရေး အသိပညာ နည်းပါးမှု၊ ဘာသာစကားခက်ခဲမှုတွေ ရှိတဲ့ကြားကနေ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကြိုးစားအားထုတ်ခဲ့သူဖြစ် တယ်လို့ ဦးသန့်ဇင်ဦးကို ချီးကျူးထားပါတယ်။
စက်တင်ဘာလအတွက် ရွေးချယ်ဂုဏ်ပြုလိုက်တဲ့ အငှားယာဉ်မောင်း ဦးသန်းထိုက်ကျော်ဟာ သူ့ရဲ့အငှားယာဉ်ပေါ် မှာ ခရီးသည် မေ့ကျန်ခဲ့တဲ့ ကျပ်သိန်းတစ်ထောင်ခန့် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ပိုင်ရှင်ထံ ပြန် လည်ပေးအပ်သူဖြစ်ပါတယ်။
အဲဒီလိုပြန်လည်ပေးအပ်တဲ့ ဆောင်ရွက်ချက်ဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်သီလနဲ့ ပတ်သက် တဲ့ လေးစားဖွယ်ရာ အတုယူဖွယ်ရာ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးလို စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာတရားနဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ဖို့၊ ယာဉ်မောင်း ဦးသန်းထိုက်ကျော်လို ဖြူစင်ရိုးသားကြိုးစားဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။