Aimstar တာဝန်ရှိသူ ဦးဂျိုးဇက် သတင်းမီဒီယာတွေကို တောင်းပန်


2016.10.08
aimstar-press-620.JPG ရန်ကုန်မြို့ Western Park စားသောက်ဆိုင်မှာ အောက်တိုဘာလ ၈ ရက်နေ့က Aimstar ကုမ္ပဏီရဲ့ ဦးဂျိုးဇက်က သတင်းမီဒီယာသမားတွေကို ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး တောင်းပန်စဉ်
Photo:Htet Arkar/RFA

Aimstar ကုမ္ပဏီက ဦးဂျိုးဇက်က သတင်းမီဒီယာသမားတွေကို ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ထိခိုက် နစ်နာသူတွေအားလုံးကို တောင်းပန်ကြောင်း ဒီနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ Western Park စားသောက်ဆိုင်မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိ သူတွေ၊ မြန်မာဂျာနယ်လစ်ကွန်ရက်က တာဝန်ရှိသူတွေရှေ့မှာ တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ဝ ရက်နေ့က မန္တလေးမြို့က Aimstar ဟောပြောပွဲမှာ တက်ရောက်လာသူတစ်ဦးက Aimstar လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီဘီဗီသတင်းဌာနက ဆင့်ပွားရောင်းဝယ်ရေး လုပ်ငန်းတွေဟာ လိမ်ညာနေတယ်ဆိုပြီး ပြောဆိုတဲ့အပေါ် မေးမြန်းခဲ့ပါတယ်။

ဦးဂျိုးဇက် က မြန်မာပြည်က သတင်းမီဒီယာသမားတွေဟာ တတ်လို့ လုပ်တာမဟုတ်ကြောင်းနဲ့ ငတ်လို့လုပ်နေ ကြတာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ ရာမှာ ဒီကနေ့ ဦးဂျိုးဇက်က ပြန်လည်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။