မြန်မာပြည်အပေါ် ပိတ်ဆို့မှု အားလုံး အမေရိကန်ပြည်ထောင် စုက ရုပ်သိမ်းလိုက်ပြီ
2016.10.07

မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကို သမ္မတ အိုဘားမားက ရုပ်သိမ်း လိုက်ပါပြီ။ အမေရိကန်လွှတ်တော်ကို သောကြာနေ့ မနေ့က ပို့လိုက်တဲ့ အကြောင်းကြားစာမှာ သမ္မတ အိုဘားမား က မြန်မာပြည်မှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တိုးတက်မှုတွေကြောင့် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖု့ိ ဆုံးဖြတ်လိုက်ကြောင်း ဖေါ်ပြထားပါတယ်။
သမ္မတအိုဘားမားရဲ့ အမိန့်အရ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် နောက် ဆက်တွဲအဖြစ် အမေရိကန်ဘဏ္ဏာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပစ်မှတ်ထား ပိတ်ဆု့ိထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဦးတေဇ၊ ယုဇန ဦးဌေးမြင့် ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ဦးအောင်သက်မန်း၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော် အပါအဝင် ပိတ်ဆို့ခံထားရသူတွေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေအားလုံးကို SDN စာရင်းကနေ ပယ်ဖျက်လိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။
သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လ လာရောက်စဉ်က မြန်မာပြည်အပေါ် ပိတ်ဆု့ိမှုတွေကို အမြန်ဆုံးရုပ်သိမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အခု ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။
ပိတ်ဆို့မှုတွေကို အခုလို ရုပ်သိမ်းလိုက်ခြင်းဟာ မြန်မာပြည်သူတွေ စီးပွားရေး ပိုမိုတိုးတက်အောင် ကြံဆောင်နိုင် ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်းသစ်တရပ်နဲ့ အသိအမှတ်ပြုဆုချီးမြှင့်တာဖြစ်ပါတယ်လို့လည်း သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။