အင်းလေးဖောင်တောင်ဦး ဘုရားပွဲ ကျင်းပ
2016.10.08

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ သီတင်းကျွတ်လတိုင်းနှစ်စဉ် ကျင်းပနေ တဲ့ ဖောင်တော်ဦးဘုရားပွဲ စတင်နေပြီး၊ ဒီနေ့မှာတော့ ဘုရားဆင်းတုတော်ဟာ ညောင်ရွှေမြို့ကို ဒေသစာရီ လှည့်လည်ကြွချီခဲ့ပါတယ်။
ဘုရားပွဲကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေ တက်ရောက် ပူဇော်ကြပါတယ်။
ဘုရားပွဲမှာ ရိုးရာယဉ်ကျေးမှု တစ်ဦးချင်းလှေပြိုင်ပွဲနဲ့ အမျိုးသားအုပ်စုလိုက်၊ အမျိုးသမီးအုပ်စုလိုက် လှေပြိုင်ပွဲတွေ ကျင်းပပြီး၊ အနိုင်ရတဲ့အဖွဲ့တွေကို သမ္မတ ဦးထင်ကျော်နဲ့ ဇနီး၊ အမျိုးသားလွှတ်တော် ဒုဥက္ကဌနဲ့ ဇနီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ဇနီးတို့က ဆုပေးအပ်ချီးမြင့်ခဲ့ပါတယ်။
ဖောင်တော်ဦးဘုရားပွဲမှာ ဒေသခံပြည်သူတွေနဲ့ ကျိတ်ကျိတ်တိုးစည်ကားပြီး၊ နိုင်ငံခြားသားဧည့်သည် တွေလည်း လည်ပတ်ကြည့်နေကြတာ တွေ့ရပါတယ်။