သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-06
သံတွဲမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်စလင်တွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက် သတ်ဖြတ်နေခိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှကာကွယ် ဟန့်တားမှုမလုပ်ခဲ့ပဲ မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ် လို့ ဒေသခံတွေက စွပ်စွဲပြောကြကြောင်း အေပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။
2013-10-06
ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်းမှာရှိတဲ့ အငူမော်ကမ်းခြေနဲ့ အလယ်သံကျော် ကမ်းခြေတစ်လျှောက် ရှားပါး တိုက်တေနီယမ် သတ္တုကုန်ကြမ်းတွေကို ရှာဖွေထုတ်လုပ်ပြီး တရုတ်နိုင်ငံကို တင်ပို့မယ်လို့ သိရပါတယ်။
2013-10-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီက ကရင်ပြည်နယ် ဘားအံခရိုင် အတွင်း မှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင် မလား ဒါမှမဟုတ် အသစ်ရေးဆွဲ မလားဆိုပြီး ပြည်သူ့ ဆန္ဒ ကောက်ယူရာမှာ ဒေသခံပြည်သူတွေက ပြန်လည်ပြင်ဆင် ဖို့ ထောက်ခံခဲ့ တယ်လို့ သိရပါတယ်။
2013-10-06
အခုတစ်ပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံ ရဲ့ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဘို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ ဆိုတဲ့ ပြောဆို ဝေဘန်ချက်တွေ အကြောင်းကို အခြေပြုဆွေးနွေးတင်ပြထားပါတယ်။
2013-10-05
အားလုံးစည်းစည်းလုံးလုံးပါဝင်မှ နိုင်ငံအပြောင်းအလဲလုပ်ဖို့ ဆွေးနွေးလို့ ရနိုင်မယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မနေ့က ပြောကြားလိုက်ပါတယ်။
2013-10-05
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီစံနှုန်းတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေကို တစ်ခုချင်းပြင်ဆင်မယ်ဆိုတဲ့ အယူအဆနဲ့ အခြေခံဥပဒေသတစ်ခုကို အစအဆုံး အသစ်ပြန်ရေးဆွဲပြဌာန်းမယ်ဆိုတဲ့ အငြင်းပွားစရာ အယူအဆလမ်းကြောင်းနှစ်ခု ပေါ်ထွက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2013-10-05
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ တောင်း ဆိုထားတဲ့အတိုင်း မြေယာလျော်ကြေးပေးရေးနဲ့ သောက်သုံးရေ သန့်စင်ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2013-10-05
ရန်ကုန်မြို့လယ် မြို့တော်ခန်းမနားမှာ ၄ ရက်ကြာ သပိတ်စခန်း ဖွင့်လှစ်ပြီး မြေနေရာတွေ ပြန်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်သားတွေဟာ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နဲ့ ညှိနှိုင်းအပြီး သပိတ်စခန်းကို ဒီကနေ့ ရုတ်သိမ်းလိုက် ပါတယ်။
2013-10-05
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ မှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-10-05
မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲတာထက် ပြင်ဆင် သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထား ဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆို ပါတယ်။
2013-10-05
"မှတ်မှတ်သားသား စကားများ" (၂ဝ၁၃ အောက်တိုဘာလ ၄ ရက်) ကျော်မင်းထွန်း စုစည်းတင်ပြသည်
2013-10-05
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖောက်လုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မကွေးတိုင်း မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က "အရှို" ချင်းလူမျိုးတွေ နေထိုင်တဲ့ တောင်ပေါ်ကျေးရွာ ၁ဝ အုပ်စုကိုလည်း ဖြတ်သန်းသွားပါတယ်။ ဒေသခံ အရှိုချင်း အတော်များများဟာ ဒီဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးသွားတဲ့ တောင်ယာနဲ့ ခြံမြေတွေအတွက် လျော်ကြေးငွေ မရသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။