ဖွဲ့စည်းပုံ ဥပဒေ ပြန်ပြင်ဖို့ ဘားအံ ခရိုင် ထောက်ခံ


2013.10.06

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီက ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုပြီး ပြည်သူ့ဆန္ဒကောက်ယူရာမှာ ဒေသခံပြည်သူတွေက ပြန်လည်ပြင်ဆင်ဖို့ ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့  အဲဒီ ဆန္ဒကောက်ခံပွဲ ကျင်းပတာနဲ့ ပတ်သက်ပြီး၊ ဘားအံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသန်းနိုင်က အခုလို့ ပြောပါတယ်။

"ဖွဲ့စည်းပုံကို ပြင်ရင် ဘယ်လိုဖြစ်မယ်၊ အသစ်ဆွဲရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ရှင်းပြတယ်၊ နောက်ဖွဲ့စည်းပုံမှာ ပြင်ချင်တဲ့ဟာတွေက ဘာတွေရှိမယ်ဆိုတာ ကျွန်တော်တို့ ရှင်းပြတယ်၊ ပြီးတော့ လက်ညှိုးထောင်ခိုင်းလိုက်တယ်ဗျာ၊ တက်လာတာ ၃၀၀ လောက်ရှိတယ်၊ ၉၀ ရာခိုင်နှုန်းလောက်က လက်ညှိုးထောင်တယ်ဗျာ၊ အဲ့ဒါနဲ့ ကျွန်တော်တို့က အတည်ပြုလိုက်တယ်၊ ဒါပါပဲ"

အဲဒီစည်းဝေးပွဲ ဖြစ်မြောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကော်မတီက ဦးဌေးဦးက ကရင်ပြည်နယ်ကို ရောက်ရှိနေပြီး၊မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဘားအံခရိုင်က ပထမဆုံးစတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုပြီး၊ ပြည်သူ့ဆန္ဒကို မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ ခုမှာ ကျင်းပမှာဖြစ်ပြီး၊ ရလာတဲ့ ပြည်သူ့သဘောထားတွေကို လာမယ့် နိုဝင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။