မိကျောင်းကန် ရပ်ကွက်သားများ မြို့လယ်ခေါင်ဆန္ဒပြပွဲ ပြီးဆုံး


2013.10.05
mechaungkan-305.jpg လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရီတို့ဟာ ဆန္ဒပြမိကျောင်းကန် ရပ်ကွက်သားတွေနဲ့ အောက်တိုဘာလ ၅ ရက်နေ့က အလုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များရုံးမှာ တွေ့ဆုံညှိနှိုင်းအပြီး တွေ့ရစဉ်
photo: RFA/ Kyaw Lwin Oo

ရန်ကုန်မြို့လယ် မြို့တော်ခန်းမနားမှာ ၄ ရက်ကြာ သပိတ်စခန်းဖွင့်လှစ်ပြီး မြေနေရာတွေ ပြန်ပေးရေး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်သားတွေဟာ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နဲ့ ညှိနှိုင်းအပြီး သပိတ်စခန်းကို ဒီကနေ့ ရုတ်သိမ်းလိုက်ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့င်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့ဟာ အလုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များရုံးမှာ ဆန္ဒပြမိကျောင်းကန် ရပ်ကွက်သားတွေနဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံညှိနှိုင်းအပြီး သပိတ်စခန်းကို ရုတ်သိမ်းလိုက်တာလို့ ဆန္ဒပြရာမှာ ပါင်သူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက RFA ကို ပြောပါတယ်။

အခုတင်ပြဆွေးနွေးချက်တွေဟာ အမှန်တကယ် နစ်နာဆုံးရှုံးတယ်၊ မြေသိမ်းဥပဒေနဲ့မညီပဲ သိမ်းပိုက်ထားတာ ပေါ်လွင်တဲ့အတွက် လွှတ်တော်ထဲမှာ အထူးအစီအစဉ်အနေနဲ့ အစိုးရအဖွဲ့နဲ့ အရေးပေါ်ပြန်ရအောင်ပေါ့နော် ဆောင်ရွက်ပေးပါမယ်ဆိုပြီး ကတိကဝတ်ပြုတဲ့အတွက် ကျနော်တို့က သပိတ်စခန်းကို ရုပ်သိမ်းခြင်းဖြစ်ပါတယ်”

လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အနေနဲ့ မိကျောင်းကန်ရပ်ကွက်အပိုင်း ၁၊ ၂၊ ၃ က မြေနေရာတွေကို မူလပိုင်ရှင်တွေလက်ထဲရောက်အောင် အစိုးရနဲ့ ညှိနှိုင်းပြီးအဖြေ တစ်ခုခုရအောင် ကြိုးစားပေးသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါ့အပြင် လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ အစည်းအေးမှာ မိကျောင်းကန် မြေနေရာ ပြဿနာကို အထူးကိစ္စရပ်အနေနဲ့ တင်ပြသွားမယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းသတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။