ဓာတ်ငွေ့ပိုက်လိုင်းနဲ့ “အရှို” ချင်းဒေသခံများ


2013.10.05

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖောက်လုပ်ထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ မကွေးတိုင်း မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က "အရှို" ချင်းလူမျိုးတွေ နေထိုင်တဲ့ တောင်ပေါ်ကျေးရွာ ၁ဝ အုပ်စုကိုလည်း ဖြတ်သန်းသွားပါတယ်။ ဒေသခံ အရှိုချင်း အတော်များများဟာ ဒီဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးသွားတဲ့ တောင်ယာနဲ့ ခြံမြေတွေအတွက် လျော်ကြေးငွေ မရသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။