သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-28
ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ မွန်လူငယ် တစ်သောင်းဝန်းကျင် တက်ရောက်တဲ့ ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2013-12-28
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်နဲ့ မကွေးမြို့တွေမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ရန်ကုန် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေ က ဒီကနေ့ ပယ်ချခဲ့ပါတယ်။
2013-12-28
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-12-28
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကျင်းပနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အဓိက ထား ဆွေးနွေးနေတယ်လို့ အစည်းအဝေး တက်ရောက်နေ တဲ့ ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2013-12-28
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စာရေးဆရာအသင်းနဲ့ မြို့ခံ စာပေချစ်မြတ်နိုးသူတွေ ပူးပေါင်းပြီး စာဆိုတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို မော်လမြိုင်မြို့ မဟာမြိုင်စာသင်တိုက်မှာ ငါးရက်ကြာ ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုကျော်သူက
2013-12-28
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တာဝန်ယူ အကောင်အထည်ဖော်နေတဲ့ "ဧရာဝတီမြစ်ညာ- မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ" ACHC ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Sedona ဟိုတယ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်လေ့လာခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-28
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-28
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား အသစ်ပြန်လည် ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး မြို့နယ်တချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုသဘောထားတွေ ကောက်ခံနေပါတယ်။ တချိန်ထဲမှာလည်း "၂ဝဝ၈ ဖွဲ့စည်းပုံဟာ ပြင်ဆင်ရအခက်ခဲဆုံး ဖွဲ့စည်းပုံဥပဒေ" ဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်နိုင်မယ့် အလားအလာ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုဝင်းနိုင်က စုစည်းတင်ပြထားပါတယ်။
2013-12-27
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ နှစ်စဉ်ငါးလိုအပ်မှု ရှိနေတဲ့အတွက် မြန်မာနိုင်ငံကငါးတွေ ဝယ်ယူတင်သွင်းဖို့ ပြည်နယ်ရဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌါနက ပြည်နယ်အစိုးရကို အဆိုပြုထားတယ်လို့ သိရပါတယ်။
2013-12-27
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာ နိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းဌါနရဲ့ အချက်အလက်ကိုကိုးကားပြီး တရုတ်ဆင်ဟွာသတင်းက ဖေါ်ပြလိုက်ပါတယ်။
2013-12-27
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်မှာ အန္တရာယ်ကြုံနေတဲ့ မြန်မာ ၉၈ ယောက်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို အဲဒီအလုပ်သမားတွေထဲက ကိုသိန်းလှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-12-27
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
2013-12-27
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ညောင်ပင်ကျေးရွာက လယ်သမား ၂၃ ဦးကို Asia World ကုမ္ပဏီက ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲထားတာကို ကုမ္ပဏီဘက်ကရုတ်သိမ်းပေးပြီး တရားရုံးမှာကျေအေးခဲ့ပေမဲ့ လယ်သမားတွေက အမှုကိုဆက်လက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
2013-12-27
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အနီး မြန်မာ-အိန္ဒိယနယ်စပ်မှာ အိန္ဒိယ ဘက်က အဆောက်အဦးတွေဆောက်လုပ် ဖို့ မြေတူးနေတာတွေကြောင့် ကလေးမြို့ဒေသခံအင်အား ၅၀၀ လောက် ဒီနေ့ မနက်ပိုင်းက အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2013-12-27
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေ တဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေ ဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖြန်မှာ သွားရောက်တွေ့ ဆုံမယ်လို့ သိရပါတယ်။