မြန်မာနိုင်ငံက ငါးတွေကို မဏိပူရ်ပြည်နယ်ကို ပို့မည်


2013.12.27

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ နှစ်စဉ်ငါးလိုအပ်မှု ရှိနေတဲ့အတွက် မြန်မာနိုင်ငံကငါးတွေ ဝယ်ယူတင်သွင်းဖို့ ပြည်နယ်ရဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌါနက ပြည်နယ်အစိုးရကို အဆိုပြုထားတယ်လို့ သိရပါတယ်။

မဏိပူရ်ပြည်နယ်အတွင်း နှစ်စဉ်ငါးစားသုံးမှုတန်ချိန် ၃ သောင်းခွဲလောက်ရှိနေပေမယ့်၊ ဒေသတွင်း ထုတ်လုပ်နိုင်စွမ်းက တန်ချိန် ၂ သောင်း ၄ ထောင်လောက်ပဲရှိနေလို့ တန်ချိန် ၁ သောင်း ၁ ထောင်လောက် အမြဲလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ငါးမွေးသူတွေအနေနဲ့ သိပ္ပံနည်းကျ ငါးမွေးမြူရေးအတွက်လဲ နည်းပညာအခက်အခဲရှိနေတယ်လို့ သိရပါတယ်။

မဏိပူရ်ပြည်နယ်သားအများစုဟာ ငါးအများဆုံးစားကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စားသုံးမှု ပမာဏပြည့်မီအောင် မြန်မာနိုင်ငံဘက်ကနေ ဘယ်လိုပုံစံမျိုးနဲ့ ဝယ်ယူတင်သွင်းနိုင်မလဲဆိုတာကို မွေးမြူရေးဌါန အနေနဲ့ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။