ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား


2013.12.27
maela-camp-b305 ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များ အတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်း ကို တွေ့ရစဉ်။
Photo courtesy of TBBC

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စခန်းထဲက ဇုံအမှတ်(စီ)မှာရှိတဲ့ စာသင်ကျောင်းမှာ လျပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး လောင်တာလို့ သိရပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ကား ၂ စီး အချိန်မီရောက်လာတဲ့အတွက် ညနေ ၃ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ တည်းခိုနေရတယ်လို့ ဆိုပါတယ်။

မယ်လဒုက္ခသည်စခန်းဟာ မဲဆောက်မြို့ရဲ့မြောက်ဘက် ကီလိုမီတာ ၆၀ အကွာလောက်မှာရှိပြီး၊ လူဦးရေ ၅ သောင်းနီးပါးလောက်ရှိတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် အကြီးဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။