သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-26
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုအီချီရို ဂမ်ဘာ Koichiro Gemba နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2011-12-26
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုးမြင့်လုပ်ဆောင်ဖို့ အပါအဝင် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး က ခရစ္စမတ်နေ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။
2011-12-25
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါ ဂျပန်အစိုးရရဲ့ ODA ခေါ် နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည်ထောက်ပံ့ဖို့ ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
2011-12-25
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနဲ့ ကမ္ဘာတလွှားမှာ ပေါ်ထွက်ခဲ့တဲ့ ထူးထူးခြားခြား အပြောင်းအလဲတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-12-24
မကွေး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေအားလုံး ဘာသာရပ်အလိုက် ကျောက်ဆည်၊ မုံရွာ၊ မန္တလေးစတဲ့ နည်းပညာ တက္ကသိုလ်တွေကို ပြောင်းရွှေ့သင်ကြားဖို့ နေပြည်တော် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ဝ ရက် နေ့စွဲနဲ့ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2011-12-24
ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၅၉ ဦးအတွက် အနွေးထည်၊ ငွေကြေးနဲ့ ပြည်တွင်းထုတ် ဂျာနယ် ဝတ္ထုတွေကို ဒီကနေ့ မနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ပါတယ်။
2011-12-24
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။
2011-12-23
အင်းစိန်ထောင်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ်ခေါ် ကိုငြိမ်းလူဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာလို့ ပြီးခဲ့တဲ့အပတ်က အင်းစိန်ပြည်သူ့ဆေးရုံ ကို တင်လိုက်ရပါတယ်။
2011-12-23
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅၇၂ ဦး ရှိတဲ့အထဲက ၉၁၈ ဦး ကျခံ နေရတဲ့ အကျဉ်းထောင်တွေကို အတိ အကျ ပြောနိုင်ကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2011-12-23
အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ တာဝန်ရှိပုဂ္ဂိုလ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက်ခဲ့ကြပါတယ်။
2011-12-22
လွတ်လပ်ခွင့်ဆိုတာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို အတူတူပဲ ဖြစ်ရမှာပါလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-12-22
လာမယ့် ဇန်နဝါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ နောက်ထပ် အကျဉ်းသား တွေ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်မှာဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
2011-12-22
မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက အကူညီမပေးခင်မှာ လူ့အခွင့်ရေးကိစ္စတွေ ဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ (ဂျပန်ဌာနခွဲ)က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း လိုက်ပါတယ်။
2011-12-22
တရားလွှတ်တော်ရှေ့နေများနဲ့ အထက်တန်းရှေ့နေတချို့ လိုင်စင်ရုပ်သိမ်းခံရတာနဲ့ပတ်သက်လို့ ပြန်လည် စဉ်းစားသုံးသပ်ဖို့ အာရှ ဥပဒေ အရင်းအမြစ်ပင်မဌာန ALRC က မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ဒီကနေ့ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။
2011-12-21
ဝန်ကြီးချုပ် ယင်းလတ်ရဲ့ မြန်မာပြည်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံ သွားတာလို့ ပြောဆိုနေတာ မမှန်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလတ်က ငြင်းဆိုလိုက်ပါတယ်။