လွတ်လပ်ခွင့်ဆိုတာ လူတိုင်းအတွက် အတူတူ ဒေါ်အောင်ဆန်းစုကြည် ပြော
2011.12.22

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို အခုလို ရည်ညွှန်းပြောဆိုတာ ဖြစ်ပြီး အဲဒီ ဥပဒေတွေကို လေ့လာသုံးသပ်သွားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုလိုက်ပါတယ်။
“လွတ်လပ်ခွင့်ဆိုတာ မြန်မာနိုင်ငံသားတွေ လွတ်လပ်ခွင့်၊ တခြား နိုင်ငံသားတွေ လွတ်လပ်ခွင့် ရယ်လို့ ခွဲပြီး မမြင်သင့်ပါဘူး။ အန်တီတို့က စစ်မှန်တဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်မျိုးကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် လိုချင်ပါတယ်။ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ ပြီးပြည့်စုံတဲ့ အဆင့် မရှိသေးဘူးလို့ ဥပဒေပညာရှင်တွေက မှတ်ချက်ချတာကို အခြေခံပြီး အန်တီတို့ လေ့လာသုံးသပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်”
အာရ်အက်ဖ်အေက သောကြာညတိုင်း ပုံမှန် တင်ဆက်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ “မြန်မာအစိုးက အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေတွေဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကိုက်ညီပါရဲ့လား” ဆိုတဲ့ သောတရှင်တစ်ဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။