ODA မပေးခင် လူ့အခွင့်ရေး ဆွေးနွေးဖို့ တိုက်တွန်း

မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက အကူညီမပေးခင်မှာ လူ့အခွင့်ရေးကိစ္စတွေ ဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ (ဂျပန်ဌာနခွဲ)က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း လိုက်ပါတယ်။

2011.12.22
amnestry-japan-305 အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့(ဂျပန်ဌာနခွဲ) လှုပ်ရှားမှု အင်တာနက် စာမျက်နှာ။
AI

ဒီဇင်ဘာ ၂၅ ရက်မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မယ့် ခရီးစဉ် မစတင်ခင်မှာ AI က ဂျပန်နိုင်ငံခြားရေးဝန်ကြီး (ကိုအိ ချိရို့ ဂမ်းဘာ)ထံ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ရာမှာ အခုလို တောင်းဆိုလိုက်တာပါ။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံမှာ ပြစ်မှု တစ်စုံတစ်ရာ ကြောင့်သာ အကျဉ်းကျနေသူ ရှိတယ်လို့ မြန်မာအစိုးရက ပြောထားတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ လူသိထင်ရှား တရားစီရင်ခွင့် ပြန်ပေးဖို့၊ အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားတွေကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်နေတာတွေ ရပ်ပေးဖို့၊ တိုင်းရင်းသားတွေအပေါ် စစ်ပွဲဆင်နွှဲနေတာတွေ ရပ်ပစ်ဖို့နဲ့ မြန်မာနိုင်ငံကို ODA ပြန်ပေးရေးကိစ္စမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုရှိမှသာ ဂျပန်နိုင်ငံက အခြားနိုင်ငံတစ်ခုကို ODA ပေးမယ်ဆိုတဲ့ မူဝါဒကို ထည့်သွင်းစဉ်းစားဖို့ ဆိုတဲ့ အချက်ငါးချက် စာထဲမှာ ပါတယ်လို့ A.I (ဂျပန်ဌာနခွဲ)က (မစ္စ ဆုဂိ ယာမ)က အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာအစိုးရက အခုအချိန်ထိ ပြန်လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ၃၀၀ ဝန်းကျင်သာ ရှိတဲ့အတွက် နောက်ထပ် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုတာကြောင့် အခုလို အိတ်ဖွင့်ပေးစာ ရေးသားရကြောင်း A.I (ဂျပန်ဌာနခွဲ)က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။