သက်ဆင် မြန်မာနိုင်ငံခရီး ယင်းလတ်နဲ့ မပတ်သက်

ဝန်ကြီးချုပ် ယင်းလတ်ရဲ့ မြန်မာပြည်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံ သွားတာလို့ ပြောဆိုနေတာ မမှန်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလတ်က ငြင်းဆိုလိုက်ပါတယ်။

2011.12.21

မိမိအကို သက်ဆင်နဲ့ မြန်မာနိုင်ငံကြားမှာ ကိုယ်ကျိုးစီးပွားအဆက်အစပ်တစ်ခုမှမရှိဘူးလို့လည်း မစ္စစ် ယင်းလတ်က ပြောပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့သလားလို့ ထိုင်းနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်စပ်က ဝန်ကြီးချုပ် ယင်းလတ်ကို မေးတဲ့အတွက် အခုလို ပြန်လည်ဖြေဆိုတာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ နှမဖြစ်သူ မြန်မာနိုင်ငံ သွားတဲ့အခါ အစစအရာရာ အဆင်ပြေအောင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံ နေပြည်တော်ကိုသွားပြီး သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့နဲ့ တွေ့ခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ အစောပိုင်းက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-21 16:38

I don't believe that Yinluck will help us